part 7

10.8K 981 16
                                    

❤Unicode

"ဝမ်ရိပေါ်! ဝမ်ရိပေါ်! ဝမ်ရိပေါ်!''

တစ်ကျောင်းလုံးရဲ့အားပေးသံနှင့်အတူ ဘက်ကစကပ်ဘောကွင်းထဲသို့ဝင်ရောက်လာကြသော အသင်းနှစ်သင်း..။အားလုံးထဲမှာ ထင်းထင်းပေါ်နေတဲ့ နတ်သားလေးတစ်ပါး...။ ရှောင်းကျန့်အတွက် တန်ဖိုးမဖြတ်နိုင်သောထိုလူသား...။

ပွဲစခါနီး ပရိတ်သတ်ဘက်လှည့်ပြီး fly kiss ပေးလိုက်တဲ့ဝမ်ရိပေါ်ကြောင့် လူအုပ်ကြီးမှာ ''ဝိုး'' ခနဲ..။ တစ်ဦ​းတည်းအတွက်သာရည်ရွယ်တဲ့ fly kiss ဆိုတာသိသွားပြန်တော့ တစ်ဖန်ကြေကွဲရပြန်သည်..။

"ရွှီ!!!!''

ပွဲဒိုင်လူကြီးရဲ့ခရာသံအဆုံး စတင်ကစားကြတဲ့အသင်းနှစ်သင်းမှာ စိတ်အားထက်သန်စွာယှဥ်ပြိုင်နေကြသည်..။ အပေးအယူညီမျှတဲ့ ထိုအသင်းနှစ်သင်းမှာ final ကို ဘယ်အသင်းတက်နိုင်မခဲဆိုတာ ခန့်မှန်းရခက်လောက်အောင် လက်ရည်တူနေသည်...။

ကစားချိန်ကြာလာတာနဲ့အမျှ ရိပေါ်တို့အသင်းက အင်အားသာလာသည်..။ ကစားပွဲရဲ့နောက်ဆုံးစက္ကန့်နားအရောက်မှာ..။

"ဂိုး!!!!''

ပရိတ်သတ်များ၏အော်သံအဆုံး နှစ်ဂိုးတစ်ဂိုးနဲ့ရိပေါ်တို့အသင်းက အပြတ်အသတ်နိုင်သွားသည်..။ ကစားပွဲပြီးသည်နှင့် ပွဲကြည့်ပရိတ်သတ်နားသို့ လျှောက်လာသောရိပေါ်ကြောင့် ရှောင်းကျန့်ရေဘူးလေးကိုအဆင်သင့်အဖုံးဖွင့်ကာ  ပြင်ထားလိုက်သည်..။

ရိပေါ်ဆီသို့ ရေဘူးပေးရန်လက်အလှမ်း  ရိပေါ်ထံသို့အပြေလေးရောက်လာသောမိန်းကလေးတစ်ယောက်က ရှောင်းကျန့်ကမ်းလိုက်သော ရေဘူးကိုင်ထားတဲ့လက်ကို တိုက်ချကာ ရိပေါ်ကို သူယူလာသောရေဘူးကို အဖုံးဖွင့်ကာပေးသည်..။

ထို့ပြင်ရိပေါ်နဖူးထက်မှ ချွေးစက်လေးတွေကို လက်ကိုင်ပဝါလေးနဲ့ သုတ်ပေးနေသေးသည်..။ သေချာတာကတော့ ထိုမိန်းကလေးက တစ်ကျောင်းလုံးရဲ့ Queen ဖြစ်တဲ့ ချန်ကျင်းရန်ပင်..။

ရှောင်းကျန့်ထိုမြင်ကွင်းကို မျက်မှောင်ကြုံ့ကာကြည့်နေလိုက်သည်..။ သူတို့ဘယ်တုန်းက အဲ့လောက်ဒီရင်းနှီးသွားကြမှန်းသူမသိ...။ အတိုက်ခံလိုက်ရတဲ့ သူ့ရဲ့ရေဘူးလေးကတော့ မြေပြင်ပေါ်မှာ လဲလျောင်းလို့...။

🐰 🅛🅞🅥🅔 🅡🅔🅐🅒🅣🅘🅞🅝 🐷 (complete)Where stories live. Discover now