❤Unicode
လွန်ခဲ့သောတစ်နှစ်ခန့်က ရှန်ဟိုင်းမြို့စွန်မြစ်ကမ်းစပ်က တံငါရွာလေးတစ်ရွာတွင်ဖြစ်သည်..။
"အဘရေ!...အဘ!..အဘ!..ဟောဟဲ!..ဟောဟဲ!!''
"ဟဲ့!..အားယွမ်ဘာဖြစ်လာတာလဲ..''
အဘကျောက်တစ်ယောက် ထိုင်ခုံပေါ်မှာစာအုပ်ဖတ်နေချိန်မြေးဖြစ်သူ အားယွမ် အော်ကြီးဟစ်ကျယ်နဲ့ပြေးလာတာကြောင့် အနည်းငယ်စိုးရိမ်သွားရသည်..။
"ဟို...ကမ်းစပ်မှာ လူတစ်ယောက်လဲနေတယ်..ခြေထောက်မှာလည်းဒဏ်ရာရထားတယ်..''
"ဟေ!..ဟုတ်လား..လာ..သွားကြည့်ရအောင်..ရှောင်လုကိုပါခေါ်လာခဲ့...''
ကလေးနှစ်ယောက်ကိုခေါ်ကာ အဘကျောက်ကမ်းစပ်သို့ သုတ်ခြေတင်ထွက်လာခဲ့သည်...။ ကမ်းစပ်ရောက်တော့ လူငယ်တစ်ယောက်လဲနေတာကိုတွေ့ရသည်..။
ကြည့်ရတာတော့ အသိုင်းအဝိုင်းကြီးထဲက ဖြစ်မယ့်ပုံပဲ..။ အဘကျောက်ထိုလူငယ်ရဲ့လက်ကောက်ဝတ်လေးကို စမ်းကြည့်လိုက်သည်။
"အသက်ရှိသေးတယ်..အားယွမ်၊ အားလု..အိမ်ကိုခေါ်ခဲ့အမြန်...''
အဘကျောက်စကားကြောင့် အားယွမ်နဲ့ရှောင်းလုတို့ ထိုလူငယ်လေးကိုထမ်းကာ အိမ်သို့သယ်လာခဲ့သည်..။ အဘကျောက်မှာ ဆေးပညာအနည်းငယ်တတ်ကျွမ်းတာကြောင့် ထိုလူငယ်ကို စမ်းသပ်ကြည့်လိုက်သည်..။
ဒဏ်ရာကြီးကြီးမားမားမရှိပေမယ့် ပေါင်မှာသံချောင်းတစ်ခုနစ်ဝင်နေတာရယ်၊ ခေါင်းကကျောက်ဆောင်နဲ့တိုက်မိထားတာရယ်၊ ရေမွန်းနေတာရယ်ကြောင့်သတိမေ့နေတာဖြစ်သည်..။
"အားယွမ်..အဘကိုဆေးသေတ္တာယူလာပေး..အဝတ်သန့်တစ်ထည်ပါယူလာပေး..ပြီးရင်အားလုကိုပါခေါ်လာခဲ့..''
"ဟုတ်ကဲ့ပါ အဘကျောက်..''
အားယွမ်ထက်သွားပြီး ခဏအကြာတွင် ရှောင်လုနဲ့အတူပြန်ရောက်လာသည်..။ အားယွမ်ကဆေးသေတ္တာကို အဘကျောက်ဆီပေးလိုက်ပြီး ရှောင်လုကရေဇလုံနဲ့အဝတ်သန့်ကို ခုံတစ်ခုပေါ်မှာတင်ပေးလိုက်သည်..။
ထို့နောက် ကုတင်ပေါ်ကလူဆီအကြည့်ရောက်သွားတော့ ရှောင်လုရဲ့မျက်လုံးအစုံတို့ပြူးကျယ်သွားရသည်..။ ခုနကထမ်းလာတုန်းက မျက်နှာကိုသေချာမမြင်ခဲ့ရ..။
YOU ARE READING
🐰 🅛🅞🅥🅔 🅡🅔🅐🅒🅣🅘🅞🅝 🐷 (complete)
Fanfictionလူတစ်ယောက်ကိုကာကွယ်ပေးချင်တဲ့စိတ်က...ယုန်တစ်ပိုင်းဝက်တစ်ပိုင်းလိုလူလေးနဲ့စတင်တယ်... wang yibo ငါ့ရဲ့အပြုံးလေးတွေကိုမြတ်နိုးတယ်ဆိုတဲ့မင်းအတွက်...ငါအမြဲပြုံးထားတယ်... xiao zhan