part 17

6.4K 647 30
                                    

❤Unicode

ကျိုးချန်နဲ့ရိဖန်တို့ပြန်သွားတော့ ရှောင်းကျန့်ဆုံးဖြတ်ချက်တစ်ခုချခဲ့သည်..။ အကောင်အထည်ဖော်ခွင့်မရလိုက်တဲ့ ရိပေါ်ရဲ့အိပ်မက်တွေကို ကိုယ်စားအကောင်အထည်ဖော်ပေးဖို့ပေါ့..။

"ကိုကို..ယုန်လေးတော်တယ်မလားဟင်..၊ ကိုကိုပြန်လာတဲ့အချိန်ကျရင် ယုန်လေးကတော်လိုက်တာဆိုပြီးချီးကျူးရမယ်နော်..၊ ဟွန့်!..ကိုကိုအစုတ်ပလုတ်ကြီး ဘယ်တော့မှပြန်လာမှာလဲလို့..၊ ကိုကိုပြန်လာတဲ့အချိန်ကျရင် ဘယ်မှထပ်ပြီးထွက်သွားလို့မရအောင် ခြံခတ်ပြီးသံကြိုးနဲ့ချည်ထားပစ်မယ်..၊ အဟင့်!...ဟင့်!...မြန်မြန်ပြန်လာပါတော့...ယုန်လေးလွမ်းလှပြီလို့...အင့်ဟင့်! ဟင့်!''

လှလှပပပြုံးပြနေတဲ့ ရိပေါ်ရဲ့ဓာတ်ပုံလေးကိုရင်ဝယ်ပိုက်ပြီး ညတိုင်းပဲ အခန်းထောင့်လေးမှာကပ်ပြီး ရှောင်းကျန့်ကကြိတ်ငိုသည်..။ ဒီညကရှောင်းကျန့်အတွက် ငိုကြွေးခြင်းရဲ့နောက်ဆုံးည...။

မနက်ဖြန်ကစပြီး သူမငိုတော့ဘူး..။ ကိုကို့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် သူကြိုးစား​ေတာ့မှာ..။ Racer လောကမှာ နာမည်တစ်ခုရအောင်သူလုပ်တော့မှာ..။ အဲ့ဒီညက ရှောင်းကျန့်မိုးလင်းအောင် ငိုခဲ့သည်။

နေရဲ့အလင်းရောင်ကိုမြင်လိုက်ရတဲ့အချိန် ရင်ခွင်ထဲကဓာတ်ပုံလေးကိုထုတ်ပြီး စားပွဲခုံလေးပေါ်ကို သူသေသေချာချာတင်လိုက်သည်..။ ထို့နောက် ရေချိုးခန်းထဲဝင်ပြီး တစ်ကိုယ်လုံးမှာရှိနေတ​​ဲ​့အညစ်အကြေးတွေကို သန့်စင်လိုက်သည်..။

ဗီရိုထဲကအနက်ရောင် suit တစ်ထည်ကိုထုတ်လိုက်ပြီး ရှပ်အင်္ကျီအဖြူတစ်ထပ်ခံကာ သေသပ်စွာဝတ်လိုက်သည်..။ နက်ခ်တိုင်ကိုသေသေချာချာတပ်ပြီး ရိပေါ်ဝတ်နေကျနာရီတွေထဲက တစ်လုံးကိုယူဝတ်ကာ မျက်မှန်တစ်လက်ယူပြီး အောက်ထပ်သို့ဆင်းလာလိုက်သည်..။

"မောနင်း ဒေါ်ဒေါ်ကျန်း..ကျွန်တော့်အတွက်မနက်စာပြင်ပေးပါ..''

ဒေါ်ဒေါ်ကျန်းကိုမနက်စာပြင်ခိုင်းလိုက်ပြီး စားပွဲဝိုင်းမှာ ခြေချိတ်ကာထိုင်လိုက်သည်..။ထို့နောက် ကျိုးချန်ဖုန်းခေါ်လိုက်သည်..။

🐰 🅛🅞🅥🅔 🅡🅔🅐🅒🅣🅘🅞🅝 🐷 (complete)Where stories live. Discover now