part 13

8.1K 722 8
                                    

❤Unicode

"ကျန့်ကောကော..မြန်မြန်လာ...ဒီမှာအပေါက်တစ်ပေါက်..နည်းနည်းကျယ်တယ် ဝင်လို့ရတယ်..''

"ရီရီ..အထဲကိုတစ်ချက်လောက်ရှိုးဦး..ခွေးတွေဘာတွေရှိလားလို့..တော်ကြာ ခွေးလိုက်လို့ဟုတ်ပေ့ဖြစ်နေမယ်..''

ရှောင်းကျန့်နှင့်ရီရီတို့နှစ်ယောက်သား စတော်ဘယ်ရီစိုက်ခင်းတစ်ခုအားတွေ့ထား၍ စတော်ဘယ်ရီသီး လာခိုးစား​ြခင်းဖြစ်သည်..။ ဝယ်စားလို့ရရဲ့သားနဲ့ ဘာလို့လာခိုးတာလဲလို့ မမေးနဲ့နော်..။ ကိုယ်တွေကခိုးချင်လို့ခိုးတာ..။

ခိုးကြောင်ခိုးဝှက်လုပ်ရတဲ့အလုပ်က ပျော်ဖို့ကောင်းတယ် ဘာသိလို့လဲ...။ ရီရီတစ်ယောက်ခြံပေါက်ကျဥ်းကျဥ်းလေးထဲကနေ အထဲကိုခေါင်းဝင်ပြီး အခြေအနေကိုအကဲခတ်လိုက်သည်..။

"အားလုံး Ok တယ်ကျန့်ကောကော..၊ ခွေးလည်းမရှိဘူး.CCTV လည်းမရှိဘူး..၊ ရီရီဝင်လိုက်မယ်နော်..''

"အင်း ရီရီအရင်ဝင်လိုက်..''

ရီရီတစ်ယောက် ခွေးတိုးပေါက်လေးမှလျှိုကာ အထဲသို့ဝင်သွားလိုက်သည်..။ ရီရီအထဲရောက်တာနဲ့ ရှောင်ကျန့်ဝင်သည်..။ အရင်ခန္ဓာကိုယ်နဲ့ဆိုမရပေမယ့် အခုတော့အေးအေးဆေးဆေးခွေးတိုးပေါက်ကဝင်လို့ရသည်။

"wow!! ကျန့်ကောကော စတော်ဘယ်ရီသီးတွေမှည့်ရွဲနေတာ ရှယ်ပဲ ရှလွတ်!!''

ရီရီနှုတ်ခမ်းအားလျှာနဲ့သပ်လိုက်ပြီး မှည့်ရွဲနေသောစတော်ဘယ်ရီသီးများကို ဘလင်း ဘလင်းထနေတဲ့မျက်လုံးကြီးများဖြင့် ကြည့်နေသည်..။ ရှောင်းကျန့်ကိုလှည့်ကြည့်မိတော့ သူကသာသွားရည်ကျရုံရှိသေးတာ ဟိုယုန်ပေါက်ကခူးတောင်စားနေပြီ..။

ပါးစပ်ကစားလိုက် ယူလာနဲ့အိတ်ထဲကို ခူးထည့်လိုက်လုပ်နေသောရှောင်းကျန့်ကိုကြည့်ကာ ရီရီလည်းခူးပြီးအိပ်ထဲထည့်​ေနလိုက်သည်...။

"ကျန့်ကောကော အသီးတွေကိုရေမဆေးရသေးဘဲအရမ်းမစားနဲ့လေ၊ တော်ကြာ ပန်းကမ္ဘာရောက်နေမယ်..''

"မရောက်ပါဘူးရီရီရယ် တစ်ခါတစ်လေလေးအပျော်ခူးစားရတဲ့ဟာကို...''

🐰 🅛🅞🅥🅔 🅡🅔🅐🅒🅣🅘🅞🅝 🐷 (complete)Where stories live. Discover now