part 12

8.5K 751 42
                                    

❤Unicode

"ယား!....ဝှစ်!..ဒုတ်!..ဝှစ်!...ဒုတ်!''

ဝမ်အိမ်တော်၏ ခြံဝန်းထဲတွင်တော့ ကြောင်တစ်ကောင်မာန်ဖီနေသကဲ့သို့အသံများ ပလုံစီအောင်ထွက်ပေါ်နေသည်..။

ယုန်ပေါက်တစ်ယောက် တုတ်ဓားအတုဖြင့် သိုင်းကျင့်နေခြင်းဖြစ်သည်..။ အရှေ့တွင်ထောင်ထားသော ကြိုးပတ်ထားတဲ့တိုင်ကို အသေအ​ကြေခုတ်နေသည်...။

"ယား!...ယား!...ဝှစ်!...ဒုတ်!...ဝှစ်!..ဒုတ်!''

"ဟာ....ယုန်လေး အဲ့လိုမဟုတ်ဘူးလေ...ဟာ..ဟာ..ဟာ...''

"အမလေး...ဘုန်း..အား....''

ဒါကတော့ တိုင်ကိုမခုတ်မဲဘဲလေကိုခုတ်မိပြီး အရှိန်နဲ့ပစ်လည်းသွားခြင်းဖြစ်သည်...။ ယုန်ပေါက်နားသို့သွားကာ ရိပေါ်ထူပေးလိုက်သည်...။

"ကဲ...ဖြစ်ပြီမလား..ဆရာခေါ်ပေးမယ်..ဆရာနဲ့သင်ဆိုတော့လည်း မဟုတ်ဘူး...''

"ကိုကိုက ယုန်လေးကိုဆူတာလား...ယုန်လေးက ကိုကို့ကိုအန္တရာယ်ပေးတဲ့သူတွေကို ပြန်ချမို့ ကျင့်နေတဲ့ဟာကို..သူများကိုဆူတယ်..မကောင်းတဲ့ကိုကို...အီး..ဟီး...''

မထွက်တဲ့မျက်ရည်ကိုဖျစ်ညှစ်ထုတ်ပြီး အော်ငိုနေတဲ့ယုန်ပေါက်ကြောင့် ရိပေါ်သက်ပြင်းချမိသည်...။ မြန်မြန်မချော့ရင်လည်း နားစည်ကွဲထွက်တော့မှာမို့ ချော့ရ​ပြန်သည်...။

"မဟုတ်ပါဘူးယုန်လေးရယ်..ကိုကိုကယုန်လေးထိခိုက်မှစိုးလို့ပါ..ကြည့်ပါဦး လက်နုနုလေးတွေသွေးချည်ဥကုန်ပြီ..ဒီလိုပုံစံနဲ့ ကိုကိုဘယ်လိုမျိုးစိတ်ချ ပြီး ကုမ္ပဏီကိုသွားရမှာလဲ ယုန်လေးရယ်..''

"ဟဲဟဲ..ကိုကိုစိတ်ချပါ..ယုန်လေးအကြောင်းသိတယ်မလား..ဘယ်တော့မှကိုယ့်အသားကိုယ်အနာမခံဘူး စိတ်ချလက်ချသွား ဟုတ်ပြီလား..''

"ခုနကကျတော့ အော်နေပြီးတော့ ခုကျတော့ယုန်တို့များ အပြောင်းအလဲ​ြမန်ချက်ပဲ...''

"ကိုကိုကလည်း ယုန်ပေါက်ကအပြောင်းအလဲမြန်တာမဟုတ်ပါဘူး..ကိုကိုစိတ်ပူရမှာစိုးလို့ လိမ္မာပြလိုက်တာ..''

"ဟုတ်ပါပြီ..အဲ့ဒါဆိုရေမိုးချိုးမနက်စာစားရအောင် တစ်ကိုယ်လုံးချွေးတွေချည်းပဲ ပြီးရင်ကိုကိုကုမ္ပဏီသွားရဦးမှာ..နော်..''

🐰 🅛🅞🅥🅔 🅡🅔🅐🅒🅣🅘🅞🅝 🐷 (complete)Onde as histórias ganham vida. Descobre agora