part 9

9.4K 955 12
                                    

❤Unicode

"ကဲ...ဒီညပါတီပွဲမှာ အားလုံးပဲ လွတ်လွတ်လပ်လပ်ပျော်ပျော်ပါးပါး စားကြသောက်ကြတာပေါ့...''

"Cheer....''

ကျောင်းသားအားလုံးညနေခြောက်နာရီမှစတင်ကာ ပါတီပွဲကိုကျင်းပကြသည်..။

"ကိုကို..ယုန်လေးဘီယာသောက်ချင်တယ်..''

ရှောင်းကျန့်,ရိပေါ်အင်္ကျီစလေးကိုဆွဲကာပြောလိုက်သည်..။

"မသောက်ရပါဘူး..၊ ကိုကိုလည်းမသောက်ဘူး..၊ ဝိုင်ပဲသောက်နော်ယုန်လေး..''

"ဟွန့်..ကိုကိုကလည်း..''

"ယုန်လေးကကိုကို့စကားနားမထောင်တော့ဘူးလား..၊ ကိုကိုလည်းမသောက်ဘူးလေလို့..၊ နော်..လိမ္မာပါတယ်ယုန်လေးက..၊ ဝိုင်ပဲသောက်နော်..''

"အွန်း...''

"လိမ္မာတယ်..''

ရိပေါ် ယုန်ပေါက်၏ခေါင်းလေးအားပုတ်ကာ စပျစ်ဝိုင်ခွက်လေးကို ယုန်ပေါက်လက်ထဲသို့ထည့်ပေးလိုက်သည်..။ ဝိုင်လေးသောက်လိုက် အသားကင်လေးစားလိုက်လုပ်နေသော ယုန်ပေါက်အား ရိပေါ် ဝိုင်သောက်ရင်း အရသာခံကာ ကြည့်နေလိုက်သည်..။

"ကိုကို...''

"ဟင်...ယုန်လေး...''

"မနက်ဖြန်ကျောင်းပြန်ရောက်ရင်..စာမေးပွဲအတွက်ပြင်ဆင်ရတော့မယ်နော်...''

"အင်းပေါ့..ယုန်လေးကစာတွေရနေပြီမို့လား..''

"ရပြီဆိုပေမယ့် နည်းနည်းတော့ပြန်ကြည့်ရဦးမယ်..မေ့ကုန်မှာစိုးလို့...''

"ကိုကို့ရဲ့ကျန့်ကျန့်လေးကအတော်ဆုံး...''

"ဟီးဟီ..ကိုကို ယုန်လေးကို ဝိုင်နည်းနည်းလောက်ထပ်ထည့်ပေးဦး...''

"ဟုတ်ပါပြီဗျာ..ပေး ကိုကို့ကိုဖန်ခွက်...''

ရိပေါ်ယုန်ပေါက်ဖန်ခွက်ထဲသို့ဝိုင်ထပ်ဖြည့်ပေးလိုက်သည်...။ ပါတီပွဲလေးကတစ်စတစ်စညဥ့်နက်လာခဲ့သည်..။ ရိပေါ်ဘေးကိုကြည့်လိုက်တော့ ယုန်ပေါက်ကဝိုင်သောက်ပြီးခုန်ပေါ်မှာမှောက်နေပြီ..။ ရိပေါ်ယုန်ပေါက်အားတွဲကာ  Hotel ထဲပြန်ရန် ဆရာ့ကိုခွင့်တောင်းလိုက်သည်...။

🐰 🅛🅞🅥🅔 🅡🅔🅐🅒🅣🅘🅞🅝 🐷 (complete)Where stories live. Discover now