part 20

7.1K 585 26
                                    

❤Unicode

"ကိုကို..ဘယ်လိုတွေဖြစ်ခဲ့တာလဲဟင်..''

ယုန်ပေါက်မေးလာတာကြောင့် ရိပေါ်ကြက်သားခွံ့ကျွေးနေရင်း သူဖြစ်ပျက်ခ့ဲတာတွေကိုအကုန်လုံးပြောပြလိုက်သည်..။

"ဒါဆို..လန်ကျန့်က ကိုကိုပေါ့..ထင်တော့ထင်သားပဲ..''

"အခုဘယ်လိုလုပ်မှာလဲ..ယုန်လေးက ပြိုင်ပွဲတွေဆက်ပြိုင်ဦးမှာလား..''

"ဟင့်အင်း ..ယုန်လေးမပြိုင်တော့ဘူး..ဆိုင်ကယ်ပြိုင်ပွဲတွေကယုန်လေးနဲ့မအပ်ဆက်ပါဘူး..ယုန်လေးက ကိတ်မုန့်ဆိုင်လေးဖွင့်ပြီး အရင်လိုကိုကို့အနားမှာပဲ အေးအေးချမ်းချမ်းလေးနေချင်တာ..racer လောကကနေ ယုန်လေးထွက်တော့မယ်..''

ရှောင်းကျန့် ပြောသမျှကိုရိပေါ်ခေါင်းလေးတစ်ညိမ့်ညိမ့်နဲ့နားထောင်နေလိုက်သည်..။

"ဒါဆို..ယုန်လေးက အရင်လိုကိုကို့အနားမှာပဲ ကပ်ချွဲတော့မယ်ပေါ့..''

"အွန်း.. ကိုကိုနဲ့ခွဲနေရတာဘယ်လောက်တောင်ကြာပြီလဲ..ဒီတစ်ခါအတိုးချ ပြီးချွဲတော့မှာ..''

ရင်ခွင်ထဲတိုးဝင်လာပြီး နှုတ်ခမ်းလေးဆူကာ ချွဲနေသောချစ်ရသူကို ရိပေါ်ပြန်လည်ဖက်တွယ်ထားလိုက်သည်..။ ဆေးရုံဝတ်စုံလေးနဲ့၊ ဆံပင်ဘုတ်သိုက်လေးနဲ့ ချစ်ဖို့အလွန့်အလွန်ကိုကောင်းနေတဲ့ယုန်ပေါက်ရဲ့ ဆံနွယ်လေးတွေကြား ရိပေါ် သူ့ရဲ့နှာခေါင်းလေးကို အလည်ပို့​လိုက်သည်..။

"ဒေါက်!..ဒေါက်!..အစ်ကိုရိပေါ်..ကျွန်တော်တို့ဝင်လာလို့ရလား..''

"ဝင်ခဲ့လေ..''

ဖန်ရှင်းနဲ့ကျိရန် အခန်းထဲသို့ဝင်လာသည်..။ ကျိုးချန်နဲ့ ဟိုက်ခွမ်းလည်း အနောက်ကနေ စားစရာတစ်ပုံတစ်ပင်နဲ့ပါလာသည်..။

"ဟူး...သယ်လာရတာလေးလိုက်တာကွာ..ငါ့ကိုရေလေးတစ်ခွက်လောက်တိုက်စမ်းပါ..''

ကျိုးချန်တစ်ယောက် ပန်းသီးသုံးလုံးထည့်ထားတဲ့အိပ်လေးကို စားပွဲခုံပေါ်တင်လိုက်ရင်း ပြောလိုက်သည်...။

"မင်းမှာလက်မပါဘူးလား..ကိုယ့်ဘာကိုယ်ယူသောက်ပါလား..ပန်းသီးလေးသုံးလုံးသယ်ပြီးတော့များ လာနွဲ့ပြနေတယ်..''

🐰 🅛🅞🅥🅔 🅡🅔🅐🅒🅣🅘🅞🅝 🐷 (complete)Where stories live. Discover now