တီ...။
နာရီမှနှိုးစက်သံက တစ်ခန်းလုံးဆူညံနေသည်။
hannie နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရာမှ
မျက်ခုံးလေးတွေတွန့်လျက် လူးလွန့်လာ၏
အိပ်ချင်မူးတူးအသိဖြင့် ပထမဆုံးခေါင်းထဲရောက်လာသူက
ကိုကို...။hannie မျက်လုံးလေးတွေဖျက်ခနဲပွင့်လာသည်။
အိပ်ရာပေါ်မှစောင်နဲ့လုံးထွေးထရပ်ပြီး တစ်ဖက်ခြံရှိ
သူ့အခန်းနှင့်မျက်နှာချင်းဆိုင်အခန်းကို လှမ်းကြည့်မိသည်။
ပြတင်းပေါက်ပွင့်နေ၏ သေချာပြီ...
ကိုကို Mina နဲ့သွားတွေ့ဖို့ပြင်ဆင်နေပြီ...။
hannie တစ်ယောက်တည်းနေရင်း နှုတ်ခမ်းလေးစူသွား၏ သူညအိပ်ဝတ်စုံလေးနှင့်ပင် အခန်းထဲက
ပြေးထွက်သွားမိသည်။အခန်းတံခါးဖွင့်လိုက်သည်နှင့်
မိုးလင်းတိုင်း hannieကိုကိုယ်တိုင်ကိုယ်ကျလာနှိုးတတ်သည့်မေမေနှင့်တန်းတိုး၏"သား...hannie၊ဘယ်လဲ..."
"ကိုကို့ဆီ သွားမလို့..."
"သားရယ်...မျက်နှာသစ်ရေမိုးချိုးပြီးမှ၊ဟဲ့....ဟဲ့
ချော်လဲမယ်လေ သားရယ်၊ခက်တော့တာပဲ..."
Yoona လှေခါးပေါ်မှပြေးဆင်းသွားသော hannieအား
စိတ်မချဘဲ မျက်စိတစ်ဆုံးလိုက်ကြည့်ရင်း ကျန်ခဲ့၏
hannie တစ်ဖက်ခြံထဲသို့ကူးလာရင်းအိမ်ထဲဝင်သည်နှင့်
ကိုကို့ကို ဝေ့ဝဲရှာကြည့်မိသည်။ကိုကို့ကိုအော်ခေါ်ဖို့စိတ်ကူးက ဧည့်ခန်းမှာဖုန်းပြောနေသည့်
ဦးကိုတွေ့လိုက်ရ၍ မခေါ်ဖြစ်တော့ပေ။ဦးက သားအဖလို့အထူးပြောစရာမလိုအောင်ကိုကိုနဲ့
တော်တော်ကြီးကိုဆင်တာပါ။ကိုယ်လုံးကိုယ်ပေါက်
အရပ်အမောင်း မျက်နှာကျပုံကအစ ကိုကိုနဲ့ဦးက
တထေရာတည်းပင်...။နည်းနည်းကွာတာဆိုလို့ ကိုကိုက
အသားနည်းနည်းညိုချင်ပြီး လက်ပြင်ကိုင်းချင်သလိုလိုနှင့်
ပိန်ရှည်ရှည်ဖြစ်နေသည်။ဦးက ခန္ဓာကိုယ်တောင့်တင်းပြီး
ရင်အုပ်ပိုကျယ်သည်။