ဦးချစ်​သည်း 6

517 44 0
                                    

မျက်​​မှောင်​ကြီးကုပ်​လျက်​တည်​တင်း​နေသည့်​ ကိုကို့မျက်​နှာကိုကြည့်​ရင်း hannie ဝမ်းနည်းသွား၏
ကိုကို အရမ်းစိတ်​ဆိုးသွားတာလား....။
hannie ဝိုက်​ကြည့်​​နေစဉ်​ ကိုကို hannie ကို
ကား​မောင်းရင်း ငဲ့ကြည့်​သည်​။ အကြည့်​က မုန်းမုန်းတီးတီး
ကြီးမို့ hannie မျက်​နှာ​လေးညိုသွားကာအလိုလိုနှုတ်​ခမ်း
စူသွား၏ Junhan ​ရှေ့ပြန်​ကြည့်​ကား​မောင်းရင်း
hannie ကိုပြန်​ငဲ့ကြည့်​ပြန်​သည်​။ဒီတစ်​ခါ အကြည့်​က
ခုန​လောက်​အားမပြင်း​တော့ဘဲ ခပ်​​ဖျော့​ဖျော့...။

Oh my god hannieဆိုတဲ့​ကောင်​​လေးအတွက်​အဆင်​မ​ပြေမှုဆိုတာ ဘာလဲပြန်​​မေးရမလိုပင်
ဒေါသနဲ့မုန်းတီးခြင်းဆိုတာလည်း သူ​လေးနဲ့ရင်းနှီးတဲ့အရာ
မဟုတ်​​ပေ။ ဘယ်​လိုကုသိုလ်​ထူးလဲ မသိ​ပေမယ့်
သူ​လေးကိုဆို ဘယ်​သူကမှမုန်းတဲ့သူမရှိ။
ဒေါသထွက်​စရာလုပ်​​နေလည်း တစ်​ချက်​​လေး ပြုံးပြလိုက်​တာနှင့်​ ချက်​ချင်း​ကျေ​အေးမိသူများသာ...။
သူ့မျက်​နှာ​လေးညိုးငယ်​​နေပြီဆို အနားကလူ​တွေ
နေမထိထိုင်​မသာ ဖြစ်​ကြရသည်​။
ထိုသူ​တွေထဲမှာ သူက ​ရှေ့ဆုံးက

"ကိုကို..."
"ဘာလဲ..."
"hannie ကိုစိတ်​ဆိုး​နေတာလား..."
"စိတ်​မဆိုးဘဲ​နေမလား..." ဆိုသည့်​အကြည့်​နှင့်​ပြန်​ကြည့်​လျှင်​ hannie ကမျက်​နှာငယ်​​လေးနှင့်​ ခပ်​ချွဲချွဲပြန်​​ပြော၏
"hannie ကိုကို့ကို ချစ်​လို့ပါ...
hannie ကိုကို့ကို ဘယ်​သူ့မှမ​ပေးနိုင်​ဘူး..."
လက်​​မောင်းဆီကိုကပ်​လာပြီး ပါး​လေးနဲ့ကပ်​ချွဲလိုက်​​သေးသည်​။ စိတ်​ဆိုး​နေတာ​တွေ မ​ကျေမနပ်​​ဒေါသထွက်​​နေ
တာ​တွေ ရင်​ထဲမှာ တစ်​စမကျန်​​တောင်​ ​ပျောက်​ရှကုန်​၏
ငချွဲ​လေး...။
စိတ်​မဆိုး​တော့​ပေမယ့်​ သူခပ်​တည်​တည်​ဘဲဆက်​​နေလိုက်​သည်​။

"hannie ကကိုကို့မကြိုက်​တာ​တွေ တမင်​လုပ်​တာသိလား..."
"ဘာ..."
"ဟုတ်​တယ်​...hannie ဘာလုပ်​လုပ်​ ကိုကိုhannie
ကိုမုန်းမှာမဟုတ်​မှန်း hannie သိတယ်​..."

ခွေးစုတ်​​လေး....ဒါလည်းသိ​နေတာပဲ..

"ကိုကို...ကိုကို.."
"ဘာလဲ..."
"ရည်းစားမထားပါနဲ့ကိုကိုရယ်​...hannieအရွယ်​​ရောက်​တဲ့
အထိ​စောင့်​ပါ​နော်​၊ hannie လူကြီးဖြစ်​တာနဲ့
ကိုကိုနဲ့ လက်​ထပ်​မှာ..."
သူ့မျက်​နှာတည်​တည်​နှင့်​ hannieကို​ခြေဆုံး​ခေါင်းဆုံး
ကြည့်​လိုက်​၏
အသား ဖြူဖြူ​ဖွေး​ဖွေး
ရွှန်းစိုလှပ​သော မျက်​ဝန်းတစ်​စုံ
လုံးလုံးဝန်းဝန်းနဲ့ချစ်​စရာ​ကောင်းလှ​သော နှာ​ခေါင်လုံး​လေး
ဆိုး​ဆေးမသုံးထားဘဲ သဘာဝအတိုင်းဖြစ်​​ပေါ်​နေသည့်
နှာ​ခမ်းသား​လေး
ရှည်​လျား​ကော့ညွှတ်​​နေ​သော မျက်​​တောင်​က​လေးများ
မိန်းက​လေးများပင်​ အရှုံး​ပေးရ​လောက်​​အောင်​ ကြည့်​​ကောင်း
လှ​သော ​ခြေ​ချောင်းလက်​​ချောင်း​လေး​တွေ
အသက်​ထက်​ပိုပြီး နုဖတ်​​နေသည့်​မျက်​နှာ​လေးက
က​လေးငယ်​​လေးလို ဖြူစင်​သည့်​အပြင်
အသက်​ထက်​ပိုပြီး ပု​​နေသည့်​အရပ်​​လေး​ကြောင့်
hannie သည်​​ယောက်ျား​လေးဆိုတာကိုကျိန်​တွယ်​ပြီး
ပြောရမလိုပင်​ ဖြစ်​​နေ​ပေ​တော့သည်​။ဒါ​ပေမယ့်​ ​ယောက်ျား
လေးမကလို့ ဘယ်​လိုပုံစံပဲဖြစ်​​နေပါ​စေ hannie ကို
ကျွန်​​တော်​တို့ မြတ်​နိုးသည်​။

"ခင်​ဗျား​လေးကို ဘယ်​သူကယူမယ်​​ပြောလဲ
ခင်​ဗျား​လေးသည်းညည်းလည်း တစ်​သက်​လုံးခံမသွားနိုင်​ဘူး"

ဒါကြ​တော့ ယူမှာပဲဘာညာဇွတ်​မ​ပြောဘဲ မခံချင်​ဖြစ်​သွားသလို နှုတ်​ခမ်းစူသွားသည်​။

"မယူ​နေ​ပေါ့...hannie ကလည်းကိုကို့ကိုချစ်​လို့သာ
ယူဖို့ စဉ်းစား​နေတာ ကိုကို့လို ခါးကိုင်းပိန်​ရှည်​အသားမည်း
တုံးကြီးကို ရုပ်​ဆိုးလို့မယူချင်​ပါဘူး"
"ဘာ​ပြောတယ်​"
"ဒီမှာ ကိုကိုကမယူချင်​​ပေမယ့်​ hannie ကိုလိုချင်တဲ့လူ​​တွေအများကြီးရှိတယ်​သိလား ဗယ်​လင်​တိုင်း​ဒေးက
hannie ယူလာတဲ့လက်​​ဆောင်​​တွေက အဲ့ဒါ hannie ကိုကြိုက်​တဲ့​ကောင်​​လေး​တွေ ​ကောင်​မ​လေး​တွေ​ပေးလိုက်​တာ"
"ကိုကို့ကိုဆို ​ကောင်​မ​လေး​တွေပဲကြိုက်​ချင်​ကြိုက်​မှာ
hannie ကိုဆို​ကောင်​​လေး​တွေ​ရော ​ကောင်​မ​လေး​တွေ
ကပါ ကြိုက်​ကြတာပါ​နော်​..."
"ဘာ"
ကျွီ...။
ဘရိတ်​​ဆောင့်​အုပ်​ပစ်​လိုက်​၍ hannie ကိုယ်​​လေး
ယိမ်းထိုးသွား၏
"ဘာ​ပြောတယ်​hannie... ခင်​ဗျား​လေးအဲ့ဟာ​တွေလက်​ခံတယ်​ ဟုတ်​လား..."

hannie သွားပြီဆိုတာသိလိုက်​၏
သို့​သော်​ ကိုကိုကို့ခပ်​တည်​တည်​ပဲကြည့်​လိုက်​၏

"ခံ​တော့ ဘာဖြစ်​လဲ...ကိုကိုလည်းရည်းစားထားတာဘဲ"
"တိတ်​စမ်း...ဘယ်​​ကောင်​​တွေလဲလက်​​ဆောင်​​ပေးတာ
တွေ့မယ်​...ခင်​ဗျား​လေးကို အန်​တီYoonaနဲ့ပြန်​တိုင်​မယ်​"
"တိုင်​​ပေါ့...ကိုကိုရည်းစားထားလို့ hannie လည်း
လိုက်​ထားမလို့လို့​ပြောလိုက်​မယ်​..."
"​တောက်​"

ကိုကို့​တောက်​​ခေါက်​သံက ပြင်းပြင်းထန်​ထန်​။
ကားသည်​ လာရာလမ်းအတိုင်းသို့ ​ဝေါခနဲပြန်​​ကွေ့လိုက်​​သောအခါ hannie အသံတိတ်​ရယ်​မိသည်​။
ဘယ်​ရမလဲ...ကိုကိုက hannie အတွက်​...။



ဉ်ီးချစ်​သည်းWhere stories live. Discover now