အိပ်ရာကထ မျက်လုံးနှစ်လုံးပွင့်တာနဲ့ ကိုကို့နာမည်
တပြီး ကိုကို့အခန်းပြတင်းပေါက်ဆီပြေးကြည့်နေကျ။ခုတော့မျက်လုံးနှစ်လုံးမဖွင့်ရသေးခင်ကတည်းက
"ကိုကို မရှိပါလား" ဆိုသည့် ဟာတာတာခံစားချက်က
hannie ရဲ့မနက်ခင်းတစ်ခုလုံးကို ပူလောင်စေသည်။အိပ်ရာက စိတ်မပါလက်မပါထပြီးပြတင်းပေါက်ဆီသွား
နေကြအတိုင်း သွားမိကာ ပိတ်ထားသည့် ကိုကို့အခန်း
ပြတင်းပေါက်ကို ငိုင်တိုင်တိုင်ငေးကြည့်နေမိသည်။ကိုကိုသာရှိရင် ပြတင်းပေါက်တံခါးဖွင့်ထားမည်။
အခန်းထဲမှ လှုပ်ရှားသွားလာနေမည်။
တခါတလေ အပေါ်ပိုင်းကိုယ်ဗလာဖြင့် အင်္ကျံဝတ်နေမည်။
ဖုန်းပြောနေမည်။"ကိုကို..ကိုကိုရေ.."
hannie လှမ်းခေါ်ရင် ပြတင်းပေါက်နားလာရပ်ပြီး
"ပြော စောစောစီးစီး လူကိုဘာဒုက္ခပေးဦးမလို့လဲ"
ဟု ခပ်တည်တည်မေးမည်။hannie ကအိမ်မှာ မနက်စာစားဖို့ ကိုကိုဘာစားမလဲ
မေးရင်မေး မမေးရင် အပြင်မှာ သွားစားဖို့ ပူဆာနေကြ
အဲ့ဒါက ချစ်သူတွေ မဖြစ်ခင်ကပါ။
ချစ်သူတွေဖြစ်ပြီးတော့ hannie ကိုစောစောစီးစီး
လှမ်းအော်နှိုးတတ်တဲ့လူက ကိုကိုဖြစ်သွား၏
hannie အိပ်ချင်မူးတူးနဲ့ ထလာတိုင်း "အိပ်ပုတ်လေး"
ဟု စတတ်သည်။hannie ကကိုကို့စကားကို မျက်လုံးမပွင့်တပွင့်ဖြင့်
"ကိုကို့ကို ချစ်တယ်" ဟုမဆီမဆိုင် ပြန်ပြောလျှင်
ကိုကိုသဘောကျပြီး ဟားတိုက်ရယ်တတ်၏