ဦးချစ်​သည်း 14

376 30 2
                                    

Decoration ကအစ ပန်း​ရောင်​အ​ဖျော့နှင့်
အဖြူ​ရောင်​တို့​ရောစပ်​လျက်​ တစ်​ခန်းလုံးလှပစွာ
ဒီဇိုင်းဆင်​ထား​သော အခန်းထဲရှိ အဖြူ​ရောင်​​ဖျော့​ဖျော့​မွေ့ယာ
ခင်း​ပေါ်မှာ hannie အိပ်​​မောကျ​​နေ၏
ဖြူ​ဖျော့​ဖျော့မျက်​နှာ​လေး
အနည်းငယ်​​ချောင်​​ကျ​နေသည့်​ သားဖြစ်​သူအားကြည့်​ရင်း
Siwon စိတ်​မသက်​မသာ သက်​ပြင်းချ​နေမိသည်​။

Yoona hannie ခုတင်​​ဘေးက စားပွဲ​ပေါ်ရှိ
ဆေးဘူးများ ​ရေနှင့်​ ဆန်​ပြုတ်​ပန်းကန်​တို့အားသိမ်းရန်
အိမ်​အကူ အမျိုးသမီးကြီိးအား အသံခပ်​တိုးတိုးဖြင့်
ညွှန်​ကြား​နေသည်​။

"သား နိုးပါ့မယ်​မိန်းမရာ.."

ခပ်​တိုးတိုး​ပြောမိရင်း Siwon ခုတင်​​ဘေးရှိ
ရေမြုပ်​ကုလားထိုင်​ကြီး​ပေါ်မှာထိုင်​​နေရာမှ
ထရပ်​လိုက်​သည်​။ Yoona က hannie ကို
စိတ်​မ​ကောင်းဖြစ်​စွာ ကြည့်​​နေမိသည်​။

Siwon hannie နဲ့ Junhan အ​ကြောင်း​တွေးရင်း
စာကြည့်​ခန်းရှိ Sofa ​ပေါ်ထိုင်​​နေမိစဉ်​ Yoona
အခန်းထဲဝင်​လာပြီး သူ့​ရှေ့ဝင်​ထိုင်​သည်​။

"သားကဖျားတာလည်းမဟုတ်​ဘဲ ဘာဖြစ်​တာလဲ
ကိုယ်​ပြန်​လာမှ ဖြစ်​တာလား"

"ဟုတ်​တယ်​...ကိုပြန်​လာမှ Junhan ကိုသတိရသွားပုံပဲ"

Siwon တစ်​ခုခုကိုနက်​နက်​နဲနဲ​တွေး​နေ၏
Yoona Siwon ၏မျက်​နှာအား အသံတိတ်​စိုက်​ကြည့်
နေမိသည်​။ Siwon မျက်​နှာ​မော့လာလျှင်​ Siwon
စကားမ​ပြောရ​သေးခင်​ သူမကစ​ပြော၏

"ကိုဘာ​တွေး​နေလဲ...Yoona သိတယ်
မဖြစ်​ဘူးကို၊ ​နေလက်​စနဲ့ Junhan အဲ့ဒီမှာပဲ​နေပါ​စေ"

"ကြည့်​လည်းလုပ်​ပါဦးမိန်းမရာ သားကျန်းမာ​ရေးကို
မင်းလည်းသိတာပဲ ဟိုမှာလည်း Junhan
မျက်​နှာမ​ကောင်းဘူး...မင်းကမဆက်​သွယ်​ခိုင်းလို့တဲ့
က​လေး​တွေ သနားပါတယ်​မိန်းမရာ
Video call ​လောက်​​တော့ ​ပြောကြပါ​စေ"

"Yoona လည်းသူတို့ကိုအလွမ်း​ပြေစကား​ပြော​စေချင်
ပါတယ်​..ဒါ​ပေမယ့်​ အဲ့လို​ပြောလိုက်​ဆိုလိုက်​ရရင်
ကို့သားက ပိုပိုဆိုးလာတာ.."

ဉ်ီးချစ်​သည်းWhere stories live. Discover now