Part-1

667 57 1
                                    

[Zawgyi]

မပူလွန်း မအေးလွန်းသည့် နွေနေ့လည်ခင်း တစ်ခင်းတွင်ပင်
ဖြစ်လေသည် နွေဦးကိုကျော်လွန်ပြီး နွေဆန်လာသည်မလို့
ဆိုင်ပြင်ဘက်တွင် သစ်ရွက်ခြောက်တို့က ဟိုတစ်စ ဒီတစ်စ
လွင့်ပျံ့လျက်~

ကော်ဖီဆိုင်လေး၏အတွင်းဘက် ထောင့်ကျကျ ခုံဝိုင်းလေးမှာ
ကောင်လေးတစ်ယောက် အေးအေးလူလူ စာဖတ်နေသည်
လူသူရှင်းလင်းနေတာကတော့ နေ့လည်နေ့ခင်း
ဖြစ်တာကြောင့်ဖြစ်ပေမည်

ဖတ်လက်စ စာအုပ်ကို ခဏချရင်း ကောင်လေး အပြင်ကို
ငေးကြည့်လိုက်သည်

"အဟက် တကယ်ကြီး သုံးနှစ်တောင်ရှိသွားပြီပဲ"ဟု ရေရွတ်ရင်း
လက်ကျန် bubble teaကို အကုန်မော့သောက်လိုက်သည်

ပိုက်ဆံရှင်းပြီးသားဖြစ်၍ ယူလာသည့်စာအုပ်ကို မိုးလုံလေလုံ
ပလတ်စတစ် အကြည်အိတ်ထဲထည့်ကာ အသာပိတ်ရင်း
ထီးကိုကိုင်ကာ ဆိုင်ထဲကထွက်လာခဲ့လိုက်တော့သည်

နေသာနေဆဲ နေ့လည်ခင်းကနေ ရုတ်တရပ်ဆိုသလို
မိုးတိမ်တွေ မည်းချလာတော့သည်
လမ်းပေါ်က လူအချို့ကတော့ မိုးရွာတော့မည်ဆိုပြီး
ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပေမယ့် စာအုပ်ကိုင်ထားသည့်
လူငယ်ကတော့ထီးကိုသာ အသာဖွင့်ဆောင်းရင်း
အေးအေးဆေးဆေးလျှောက်ဆဲပင်
သူ့ပုံစံက ဒီလိုဖြစ်လာမှာကို ကြိုသိနေသလို
မကြာပါ မိုးတွေသဲကြီးမဲကြီးရွာချလာတော့သည်

ကော်ဖီဆိုင်နှင့် အိမ်ကသိပ်မဝေးတာကြောင့် သိပ်မကြာခင်မှာပဲ သူအိမ်ကိုပြန်ရောက်လာခဲ့သည်
ထီးဆောင်းလာခဲ့ပေမယ့်လည်း သည်းလွန်းသည့်မိုးကြောင့် သူ့ခန္ဓာကိုယ်က ရွှဲရွှဲစိုလို့နေသည်

Sehunအင်္ကျီစိုတွေကိုချွတ်ရင်း ရေချိုးဖို့ပြင်လိုက်သည်
စာအုပ်ကတော့အကြည်အိတ်နှင့်ထည့်လာခဲ့သည်ကြောင့်
ရေမစိုပေ

သုံးနှစ်ကြာပြီးတာတောင် ဒီမိုးကအစ သူ့အပေါ်
သစ္စာရှိနေဆဲ ဒီအချိန်ရောက်ရင် အချိန်မှန်သတိရစမ်းလို့
လှုံ့ဆော်ပေးနေသလိုပင်

သူရေချိုးပြီး ခေါင်းကိုမြန်မြန်သုတ်ကာ အိမ်နေရင်း
အင်္ကျီတစ်ထည်သာ ကောက်ဝတ်လိုက်တော့သည်

REWIND (Completed) Z+UNơi câu chuyện tồn tại. Hãy khám phá bây giờ