Part-4

259 38 2
                                    

[Zawgyi]

အဲ့ဒီနောက်ပိုင်း သူနဲ့Sehun ကော်ဖီဆိုင်မှာ
ခဏခဏတွေ့ဖြစ်ကြသည် နောက်ပိုင်းတော့
ရုံးပိတ်တဲ့နေ့တွေဆို Chanက သူ့အိမ်
ရောက်လာလေ့ရှိသည်
အထူးသဖြင့် တနင်္ဂနွေနေ့တွေဆိုရင်ပေါ့
Sundayတိုင်း Chanကို စောင့်ရတာ
သူ့ဝါသနာလို ဖြစ်လာခဲ့ပြီပင်

ဒီနေ့လည်း Sundayမလို့ Chanက
အိမ်ရောက်နေသည် သူရောက်လာတိုင်း
စာအတူဖတ်ချင်ဖတ် မဖတ်ရင် ခြံထဲဆင်းပြီး
အပင်စိုက်ချင်စိုက် ဒါမှမဟုတ်
စိတ်လိုလက်ရရှိတဲ့နေ့မျိုးဆို
Chanက သူရောက်ဖူးတဲ့ နိုင်ငံတွေအကြောင်း
တခုတ်တရပြောပြတတ်သည်
Seoulကလွဲလို့ ဘယ်မှ ဟုတ်တိပတ်တိ
မရာက်ဘူးတဲ့ သူ့အတွက်တော့ Chanပြောသမျှက
အံ့သြစရာအပြည့်နဲ့ပင်

နေ့လည်စာစားချိန်နီးပြီမလို့ Sehun ဖတ်လက်စ
စာအုပ်ကို ချကာ မီးဖိုချောင်ထဲသွားလိုက်သည်
သိပ်မကြာပါ Chanလည်းလိုက်လာသည်

စားပွဲမှာစားနေတဲ့သူ့ကို မြင်တော့
"မင်းကလည်း ငါ့ကိုတောင်မစောင့်ဘူး" ဟုပြောလေသည်

"မင်းက စားချင်လားမစားချင်လားမှ မသိတာ
ငါကဗိုက်ဆာနေပြီ"

"အေးပါကွာ" ဟုပြောပြီး သူ့ဘာသာပန်းကန်လုံး
တစ်လုံးယူကာ ထမင်းထည့်လေသည်

Sundayဆို သူကတစ်နေကုန်နီးပါးနေတာပင်
ကုန်တိုက်ကနေ သူစားချင်တာတွေဝယ်လာပြီး
ချက်တဲ့အခါလည်း ရှိသလို တစ်ခါတရံ
Sehunနဲ့အတူ သွားဝယ်တဲ့အခါလည်းရှိသည်

3လဆိုတဲ့ အချိန်တိုအတွင်း သူနဲ့Chanက
ငယ်ပေါင်းကြီးဖော်တွေလို ခင်သွားတာပင် ဒါကလည်း
Chanက ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့အပြင်
သူကလည်းChanနဲ့ကျမှထူးထူးခြားခြား
ခင်တွယ်မိချင်နေတာကြောင့်ဖြစ်မည်

"Sehun ငါမင်းကိုမေးမယ်မေးမယ်နဲ့မေ့နေတာ
မင်းမိဘတွေအိမ်ကို မပြန်ဘူးလား"

"ဟင်.."

ဟုတ်သားပဲ Chanyeolကို သူ့မိသားစုအကြောင်း
တစ်ခါမှ မပြောဖူးတော့ မိဘတွေနဲ့ အတူမနေဘဲ
သက်သက်ခွဲနေတယ်လို့ထင်နေပုံပင် ဒါပေမယ့်
သူ့စကားအတွက် Sehunမှာဖြေစရာမရှိ

REWIND (Completed) Z+UWhere stories live. Discover now