Part-3

299 45 4
                                    

[Zawgyi]

သူနဲ့Sehunရဲ့ ဒုတိယအကြိမ်တွေ့ဆုံမှုကလည်း
ကော်ဖီဆိုင်မှာပင် Sehunတစ်ပတ်ခန့်ကြာပြီးမှ
ကော်ဖီဆိုင်ကိုပြန်ရောက်သည်

အကြောင်းက ဟိုတစ်နေ့က သူနဲ့ပြန်တော့
သူတို့နှစ်ယောက်က လူကောင်ထွားသဖြင့် ထီးက
ဆောင်းသာဆောင်းသည် အပြည့်အဝကာမပေးနိုင်

အိမ်ရောက်တော့မိုးရွှဲတာက ရွှဲတာပါပဲ
အိမ်ထဲဝင်ထိုင်ပါဦးလားလို့လည်း မဖိတ်မိခဲ့
သူကတော့ထင်လိမ့်မည် ကျေးဇူးလေးတောင်တင်ဖော်
မရဘူးလို့

ရှိစေတော့ ရှင်းမပြချင် ထပ်လည်းပတ်သက်ရမည်မှ
မဟုတ်ဘဲဟူ၍သာ တွေးထားမိခဲ့သည်

မိုးစိုဝတ်တွေကိုချွတ်လဲပြီး အိပ်ရာထဲဝင်ခွေနေလိုက်သည်
ခေါင်းကသိပ်စိုတာလည်းမဟုတ်ဟု ပေတေပြီး
မသုတ်ဘဲနေရာ အကျိုးဆက်အနေနဲ့ နောက်နေ့ကျ
ဖျားပါလေတော့သည် ဒီလိုနဲ့ တစ်ပတ်ခန့်ကြာပြီးမှ
ကော်ဖီဆိုင်ကို ပြန်ရောက်ခဲ့ခြင်းပင်

သူ့ကိုများတွေ့မလားလို့ ဘာရယ်မဟုတ်ရှာမိသေးသည်
ဒါပေမယ့် ကော်ဖီဆိုင်ထဲတွင် သူတစ်ယောက်တည်းသာ
ရှိနေလေသည်

'ဘာလို့မလာတာလဲ သူက ဒီဆိုင်ထိုင်လေ့မရှိဘူးလား'
ဟုလည်းတွေးမိလိုက်သေးသည် ပြီးတော့မှ
"ကဲပါ ထားလိုက်ပါ ငါ့အလုပ်မှမဟုတ်တာ" ဟုရေရွတ်ရင်း
စာအုပ်ထဲသာ အာရုံနှစ်လိုက်တော့သည်

ဒီလိုနဲ့ နောက်၃ရက်နေတော့ Sehunကော်ဖီဆိုင်
တစ်ခါထပ်သွားသည် စာဖတ်ချင်လို့သွားတာဆိုပေမယ့်
ဟိုလူ့ကိုမျှော်တာလည်းပါသည် ဘာလို့ဒီလိုဖြစ်နေလဲ
Sehunကိုယ်တိုင်လည်းမသိတော့ အဲ့ဒီလူနဲ့
တစ်ခေါက်တော့ထပ်ဆုံချင်မိတာအသေအချာပင်

'အင်း ဟိုတစ်နေ့က ကျေးဇူးတင်စကားမပြောလိုက်ရလို့
နေမှာပါ' ဟူ၍သာတွေးလိုက်သည် တွေ့ရင်
ကျေးဇူးတင်ကြောင်းပြောဖို့တွေးထားပေမယ့်
ထိုနေ့တွင်လည်းသူ့ကို မတွေ့ခဲ့

တွေ့မယ့်တွေ့တော့ ၃ခါမြောက် ကော်ဖီဆိုင်ကို
ပြန်ရောက်တဲ့အခါမှသာ ပြန်ဆုံခွင့်ရခဲ့သည် သူကSehunထက်အရင် ဆိုင်ကိုရောက်နှင့်နေသည် တွေ့စကနေ့လို သူကအေးအေးလူလူ ဟာသစာအုပ်
ဖတ်နေတာပါပဲ အသံမထွက်အောင်ထိန်းရယ်ရင်း
သူ့ကိုယ်သူ တဘုန်းဘုန်းပြန်ရိုက်နေလေသည်

REWIND (Completed) Z+UDonde viven las historias. Descúbrelo ahora