Part-8

252 38 7
                                    

[Zawgyi]

"သတို့သားPark Chanyeolသည်
သတို့သမီး Ahn Hye Jinအား
ကျန်းမာသည်ဖြစ်စေ နာဖျားသည်ဖြစ်စေ
ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်…"

"မဖြစ်ဘူး ကျွန်တော်သဘောမတူနိုင်ဘူး" ဟု
သံကုန် ဟစ်ပစ်လိုက်မိသည်

Chanနဲ့Hye Jinအပါအဝင်
အကုန်လုံးရဲ့အကြည့်များက Sehunထံတွင်သာ

"ကျွန်တော် ဒီမင်္ဂလာပွဲကိုကန့်ကွက်ပါတယ်"

"Sehun မင်း……"

သူက မယုံနိုင်သလိုမျက်လုံးများဖြင့်ကြည့်လျက်

Sehunကတော့ လျှောက်လမ်းတစ်လျှောက်
ပြေးလာရင်း Chanရှေ့အရောက်သွားကာ

"ငါမင်းကိုချစ်တယ် Chan
မင်းလည်း ငါ့လိုပဲခံစားရတယ်မလား
ဒါနောက်ဆုံးအခွင့်အရေးပါ မဟုတ်ရင် တစ်သက်လုံး
မင်းမချစ်တဲ့သူ့ဆီမှာနေသွားရမှာ
ဝန်ခံပေးပါ Chan ကျေးဇူးပြုပြီး"

"ငါ…ငါ……"

"ဘာတွေ တွေဝေနေတာလဲ
Chanပြောလေ ပြောလိုက်လို့
Oh Sehunဆိုတဲ့ငါကသာ
မင်းဘဝမှာ နှစ်ယောက်မရှိတဲ့
ချစ်ရသူပါလို့လေ"

Chanရဲ့လက်နှစ်ဖက်အား လှုပ်ရမ်းရင်း
အဖြေကိုသာမျှော်နေမိသည်
အကုန်လုံးကလည်း ထင်မှတ်မထားတဲ့ ကိစ္စမလို့
အံ့သြမင်သက်လျက်

အတန်ကြာမှHye Jinက သတိဝင်လာပုံရကာ

"Oh Sehun နင် ဘယ်လိုသတ္တိနဲ့ငါ့မင်္ဂလာပွဲကို
ဖျက်ရဲတာလဲ"ဟုဆိုကာ ဆယ်ဟွန်းဆီရောက်လာသည်

တဖြည်းဖြည်း လှမ်းလာတဲ့ သူမလက်များရဲ့
ဦးတည်ရာက သူ့လည်ပင်းဆီသို့
အကုန်လုံးဝရုန်းသုံးကားဖြစ်ကုန်ကြသည်

ပရိတ်သတ်များထဲက တစ်ယောက်က
Hye Jinကို ဝင်ဆွဲရင်း
Chanကတော့ လဲကျသွားတဲ့ သူ့ကို ပွေ့ကာ
"Sehun…Sehun…" ဟုခေါ်နေတော့သည်

"Sehun Sehun"

"ဟင် အင်"

သူ့ပခုံးကိုဆွဲလှုပ်လိုက်တဲ့အသိကြောင့်
Sehun လှည့်ကာကြည့်မိတော့
Chanမိတ်ဆက်ပေးတဲ့
သူ့သူငယ်ချင်း Kim Jong Inဆိုသူပင်

"ငုတ်တုပ်ကြီးအိပ်ပျော်နေတာလား"

"အာ မဟုတ်ပါဘူး" ဟု အရှက်ပြေ ဖြေလိုက်သည်

REWIND (Completed) Z+UWhere stories live. Discover now