Part-5

251 42 0
                                    

[Zawgyi]

မနေ့ကအကြောင်းကို ပြန်တွေးမိတော့
ဆယ်ဟွန်းစိတ်ထဲ ရှက်ချင်ချင်ပင်
Chanyeolရင်ခွင်ထဲမှာ သူအချိန်အကြာကြီး
ငိုနေခဲ့မိတယ်မလား?

မနေ့ကသူ့မိသားစုအကြောင်းပြောပြခဲ့တာကလည်း
ဒီဆယ်စုနှစ်အတွင်း Chanyeolက
ပထမဦးဆုံးတစ်ယောက်ပါပင်
Sehunနဲ့ပတ်သက်တဲ့ ပထမဆုံးတော်တော်များများကို
သူက ပိုင်ထားရတာပဲ ဟုတွေးမိသေးသည်

ဘာကြောင့်ရယ်မှန်းမသိ Chanyeolရင်ခွင်ထဲမှာ
ငိုခဲ့မိတဲ့ အခိုက်အတန့်က နွေးထွေးနေသလို ခံစားရသည်
'အင်း ဒီလိုပဲ ဘယ်သူ့ကိုမှ ဖွင့်မပြောဘဲ
မငိုဘူးခဲ့တော့ ဒီလိုခံစားရတာနေမှာပေါ့'ဟုသာ
ဖြေသိမ့်လိုက်သည် ဒါပေမယ့် ဒီခံစားချက်က
တစ်မျိုးထူးဆန်းနေမှန်းတော့
Sehunကိုယ်တိုင်လည်းသိပါသည်

အဲ့ဒီနောက်နေ့တွေရောက်တော့ Chanyeolက
Sehunဆီ အချိန်မှန်လို စာပို့တတ်သည်
ထမင်းစားပြီးပြီလား အစာစားချိန်နောက်မကျစေနဲ့
ကော်ဖီတွေ အရမ်းမသောက်နဲ့ စတဲ့ စာတိုတွေပင်

သူကဘာလို့ ရုတ်တရပ်ကြီး Sehunကို
ဒီလိုတွေဂရုစိုက်သွားရတာလဲ? အစပိုင်းတော့
စိတ်ရှုပ်ပြီး ဒေါသထွက်မိသေးသည်
တကယ်တော့ ဒါက အထူးအဆန်းတော့လည်းမဟုတ်
အရင်ကလည်း ဒီလိုပို့တတ်သည်
ကိုယ်ကသာ ကိုယ့်အကြောင်းပြောပြပြီး
သိမ်ငယ်သည်ဟု ခံစားနေရလို့လားမပြောတတ်
ဘာလဲ မေတ္တာငတ်ခဲ့ရတဲ့ကလေးဆိုပြီး သနားလို့လား
ဒီလို အသနားခံဖို့တော့ Sehunရဲ့
လက်ကျန်မာနက ခွင့်မပြုပါ

နောက်တစ်ပတ် Sunday သူလာတော့
"ငါ့ကိုသနားလို့ ဒီလိုတွေလာလုပ်နေတာဆိုရင်
ရပ်တန်းက ရပ်လိုက်တော့"ဟုဆိုမိသည်
အဲ့ဒီနေ့က Chanyeolက စိတ်ဆိုးပြီး
အိမ်ပြန်သွားသည် နောက်နေ့တွေကျ စာလည်းမပို့
အဆက်အသွယ်လည်းမလုပ်
Sehunကလည်း သူမှားတာ မဟုတ်ဟုထင်ချင်သလို
ပြန်လည်း မတောင်းပန်ချင်ပါ
ကိုယ်က သနားခိုင်းသည်မှ မဟုတ်ဘဲ

အဟက် နောက်တော့လည်း သူလည်း ဒီပုပ်ထဲကဒီပဲ ပဲ
ဘဝထဲဝင်လာမယ် ပြီးရင် ထွက်သွားကြမယ်
ကောင်းပါတယ် အရင်ကလိုတစ်ယောက်တည်း
ပြန်ဖြစ်သွားတာပေါ့ ဟုသာတွေးနေလိုက်တော့သည်
ဒါပေမယ့် Sundayတိုင်း မသိစိတ်က
(တကယ်တော့ သိစိတ်ကရောပါ) မျှော်နေမိသေးသည်

REWIND (Completed) Z+UWhere stories live. Discover now