Part-6

253 41 18
                                    

[Zawgyi]

အဲ့ဒီနောက်တော့ အခြေအနေတွေက
အရင်လို ပြန်ဖြစ်သွားခဲ့သည်
Sundayဆို Chanyeolက Sehunအိမ်လာမည်
နှစ်ယောက်သား အတူတူ martမှာ စားချင်တာတွေ
သွားဝယ်ပြီးချက်စားကြမည် Viviနဲ့ခြံထဲဆင်းပြီး
ဆော့ကြမည် အိမ်ထဲမှာ စာအုပ်ဖတ်မည်
တစ်ခါတရံ ကော်ဖီဆိုင်ထိုင်ကြမည်
ဒီလိုလေးပဲ သမားရိုးကျ ပြန်လည် လည်ပတ်နေခဲ့သည်

အရာအားလုံး အရင်လိုပြန်ဖြစ်သွားပေမယ့်
အရင်လို ပြန်မဖြစ်သွားတာကတော့
Sehunနှလုံးသားပါပဲ

သူ့ရဲ့ ဂရုစိုက်မှုတွေကြား Sehunတကယ်ကိုပျော်ဝင်နေပြီ
အချစ်လားဘာလားတော့မဆန်းစစ်တတ်သေးပေမယ့်
သဘောကျနေတာကတော့အသေအချာပင်
အနာဂတ်အကြောင်း သိပ်မတွေးဖြစ်ခဲ့တဲ့သူက
သူပါတဲ့ အနာဂတ်တွေကို ပုံဖော်တတ်မိနေပြီ
ငါ ဒီလိုနဲ့ ရူးသွားတော့မယ်ထင်တယ်Chanရေ

အချိန်တွေကြာလာတာနဲ့အမျှ ခံစားချက်တွေက
ပိုခိုင်မာလာသည်
သူနဲ့တွေ့ပြီးရက်ပေါင်း150ပြည့်တဲ့နေ့မှာပင်
Sehunကိုယ့်ကိုယ်ကို ဝန်ခံလိုက်သည်
သူ့ကိုချစ်မိနေပါပြီလို့လေ

×××××××××××××××××××××××××××××××

ကိုယ်ကသာတစ်ယောက်တည်း ကမ္ဘာပျက်နေပေမယ့်
သူကတော့ပုံမှန်ပါပင် ဘာမှလည်း
ရိပ်မိသိရှိခြင်းမရှိတဲ့ပုံမျိုး
sehunဒီပုံစံတိုင်းကြီး တစ်သက်လုံး
နေသွားလို့မရတာတော့ သိသည် ဖွင့်ပြောလိုက်ဖို့
စဉ်းစားမိပေမယ့် ပုံမှန်မဟုတ်တဲ့ ဖွင့်ပြောခြင်းက
သူနဲ့Sehunကြားအနေခက်ပြီး ဝေးသွားစေမှာကို
မလိုလားပါ ဒီလိုသာဆို တစ်သက်လုံးမပြောဘဲ
သူငယ်ချင်းအဖြစ်သာ ဆက်ရှိသွားလိုက်မည်

တကယ်ဆို Sehunက gayမဟုတ်ပါ
ဆန့်ကျင်ဘက်လိင်တွေကို သူလည်းစိတ်ဝင်စားပါသည်
ချစ်မိတဲ့သူက ယောကျာ်းတစ်ယောက်ဖြစ်သွားခြင်းရယ်သာ

~~~~~~~~~~~~~~~~~~~~

ဒီလိုနဲ့ Sundayတစ်ရက် သူလာတုန်း
ယောက်ျားချင်းစိတ်ဝင်စားတာကို
ဘယ်လိုမြင်လဲလို့မေးခဲ့သည်

သူက
"ငါ တစ်ခါမှတော့ ဒီအကြောင်းကို သေချာမတွေးခဲ့ဖူးဘူး
ဒါပေမယ့် ယောက်ျားချင်းပဲဖြစ်ဖြစ် မိန်းမချင်းပဲဖြစ်ဖြစ်
ယောက်ျားနဲ့မိန်းမပဲဖြစ်ဖြစ် ဘယ်သူမဆို လွတ်လပ်စွာ
ချစ်ခွင့်ရှိတာပဲ
ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကိုပဲ
စိတ်ဝင်စားရမယ်လို့သတ်မှတ်ချက်မျိုးမှ မရှိတာ
ငါတို့နှလုံးသားနဲ့ကွက်တိတော်တဲ့သူကို
ငါတို့လက်ခံကြရမှာပဲ
အဲ့ဒီသူက မျိုးတူယောက်ျားတစ်ယောက်လည်းဖြစ်နိုင်သလို
မိန်းမတစ်ယောက်လည်းဖြစ်နိုင်တာပဲ
ဘာလို့ဆို အချစ်ကို နှလုံးသားနဲ့ခံစားတာမလား
မင်းနှလုံးသားကလက်ခံတဲ့သူကို ရွေးချယ်ရမှာပဲ
ငါကတော့ အဲ့လိုထင်တယ်"

REWIND (Completed) Z+UМесто, где живут истории. Откройте их для себя