Part-10 [Final]

510 54 10
                                    

[Zawgyi]

အခုတလော ရာသီဥတုကပြန်ကောင်းနေတာ
တစ်ပတ်ခန့်ရှိပြီ ဟိုတစ်ခေါက် ရုတ်တရပ်ကြီး
မိုးရွာပြီးကတည်းက နောက်ထပ်တော့ ထပ်မရွာသေး
ကောင်းကင်ကြီးကလည်း ကြည်ကြည်လင်လင်ပင်

Sehunတစ်ယောက် Sing For Youကို
မရောက်တာလည်း တစ်ပတ်ခန့်ပင်
ဒီနေ့တော့သွားဦးမည်ဟု စိတ်ကူးမိသည်နှင့်
ဖတ်မည့်စာအုပ်တစ်အုပ်ယူကာ ထွက်ဖို့ကြံသည်

ထွက်လာခါနီးမှ အိမ်ထောင့်မှာထောင်ထားတဲ့
ထီးကိုလှမ်းကြည့်မိသေးသည် ယူရင်ကောင်းမလား
မယူရင် ကောင်းမလား ချီတုံချတုံဖြစ်ရင်း ကောင်းကင်ကို
မော့ကြည့်လိုက်သည်

'အင်း မိုးမရွာလောက်ဘူးထင်ရတာပဲ မယူတော့ပါဘူး'

_______________________________________

Sehunကော်ဖီဆိုင်ကိုရောက်တော့ ညနေ၃နာရီ
မွန်းလွဲပိုင်းလည်းဖြစ်လေရာ ဝယ်တဲ့သူ အရမ်းတော့
ရှုပ်မနေ အေးအေးလူလူပင် ထိုင်နေကျဆိုင်ထောင့်ဘက်ရှိ
ဝိုင်းသို့သွားလိုက်သည်

စာအုပ်ထဲတွင်မည်မျှတောင် ဈာန်ဝင်သွားသည်လည်းမသိ
အပြီးသတ်ပြီဆိုမှ ဆိုင်ရှေ့တစ်ချက်ကြည့်မိတော့
သစ်ရွက်တချို့လွင့်နေပုံအရ လေအနည်းငယ်
ထန်နေပုံရသည် ဒီလိုဆိုမဖြစ် ပြန်ရမည် ကိုယ်က
ထီးပါလာသည်မဟုတ် ပြန်ရန်ပြင်လိုက်စဉ်

"ဟား ဟား ဟား ရယ်ရတာသေတော့မယ်"

'ဟင်...ဒီအသံက'

ဘေးဘက်ဝိုင်းဆီမှပျံ့လွင့်လာသော အသံက Sehunရဲ့
လှုပ်ရှားမှုအားလုံးရပ်တန့်သွားအောင်စေစားနိုင်စွမ်းသည်
စာအုပ်ကို ပိုက်ရင်း ဘေးဘက်ဆီသို့မဝံ့မရဲကြည့်မိတော့
မိမိထံ တည့်တည့်မက်မက်စိုက်ကြည့်နေသည့် မျက်ဝန်းများ

ကမန်းကတန်းဆိုင်ပြင်သို့ထွက်လိုက်တော့ တိုက်တိုက်
ဆိုင်ဆိုင်ပင် ရွာချလာသည့် မိုးရေစက်များ

"Ah~shit အခုချိန်မှရွာရလားကွာ"

ထိုစဉ် ဆိုင်တံခါးက ချူသံလေးမြည်သွားပြီး လူတစ်ယောက်
ထွက်လာသည် မကြည့်လည်း Chanမှန်း နှလုံးသားက
အတပ်သိသည်

REWIND (Completed) Z+UWhere stories live. Discover now