Part-7

254 42 16
                                    

[Zawgyi]

"ငါ ပြန်တော့မယ် Chanyeol
Viviကို တစ်ကောင်တည်းထားခဲ့ရလို့
ပိုက်ဆံကို ငါရှင်းသွားလိုက်တော့မယ်"

"ထားခဲ့ပါကွာ ငါတို့တိုက်မှာပေါ့ မင်းဆက်ဆက်လာဖို့
မမေ့နဲ့နော် ငါလည်းနောက်နေ့လာခဲ့ဦးမယ်"

"အေး ငါသွားပြီ" ဟုနှုတ်ဆက်ပြီး ထွက်ခဲ့လိုက်သည်

ထွက်လာရင်းမှ ကြားလိုက်ရသည်က
"Chanသူငယ်ချင်းက တစ်မျိုးကြီးပဲနော်" ဟုဆိုသည့်
Hye Jinရဲ့စကား

"Sehunကို အထင်မမှားပါနဲ့ သူ့မှာ သူငယ်ချင်းဆိုလို့
ကိုယ်တစ်ယောက်တည်းပဲရှိတာလေ
ရုတ်တရပ်ကြီးဆိုတော့သူလည်း အံ့သြသွားတာနေမှာပေါ့"
ဟုဆိုသည့် သူ့ရဲ့ဖြေရှင်းချက်ကိုလည်းကြားရသည်

အင်း ဟုတ်တယ် မင်းပြောသလို ငါတို့ကသူငယ်ချင်းပဲလေ
ဒီထက် ဘယ်တော့မှ ပိုမလာနိုင်တော့တဲ့
ထာဝရအတွက် သူငယ်ချင်းပေါ့

~~~~~~~~~~~~~~~~~~~~~~~

အိုဆယ်ဟွန်း အဲ့လောက်ထိ ရုပ်မပျက်စမ်းနဲ့ဟု
သတိပေးနေပေမယ့် အိမ်ပြန်လမ်းတစ်လျှောက်လုံး
သူ့ခြေလှမ်းတွေ မခိုင်ချင်တော့ ယိုင်နဲ့နဲ့နှင့်ပင်

အဲ့ဒီနေ့က ဆောင်းဝင်ခါနီးကို အခါမဟုတ်ဘဲနဲ့
မိုးတွေရွာသည် ဘာလဲ ဇာတ်ကားတွေထဲမှာလို
အသည်းကွဲရင် မိုးရွာပေးတာမျိုးလား
ရာသီဥတုကအစ ကိုယ့်ဘက်မပါလိုက်ပုံများ
မုန်းစရာကောင်းလိုက်တာ

အသည်းကွဲသမားတစ်ယောက်ရဲ့ အိမ်ပြန်လမ်းဆိုပြီး
ဝတ္ထုရေးရမည်ဟုလည်း နာကျင်နေသည့်ကြားမှ
စိတ်ပေါက်ပေါက်နဲ့တွေးမိသေးသည်

ဘဝမှာ ဘယ်အရာမှ နင့်နင့်သီးသီးမဖြစ်ဖူးပေမယ့်
မင်းတစ်ယောက်ကိုတော့ ငါတကယ်
အပိုင်လိုချင်ခဲ့တာပါ Chanရယ်
ပြီးတော့ အပိုင်ရမယ်လို့လည်းထင်ခဲ့တာ
နောက်ဆုံးအချိန်ထိ မင်းကတော့
ငါ့ဘေးမယ်ရှိပေးမယ်ထင်ခဲ့တာ
ငါ…ငါမှားသွားတာနောက်ဆုံးမှာ ဘယ်သူမှ
ငါ့ကိုမရွေးချယ်ခဲ့ကြဘူး
ငါကတကယ်ကိုပဲအချစ်ခံရဖို့ မထိုက်တန်ဘူးလား

~~~~~~~~~~~~~~~~~~~~~~~

နောက်တစ်နေ့ရောက်တော့ သူကအိမ်ရောက်လာသည်

REWIND (Completed) Z+UWhere stories live. Discover now