Part-9

279 49 10
                                    

[Zawgyi]

// Hunကို တစ်နေ့တစ်ခြားတွယ်တာလာသည့်
သူ့စိတ်တွေကို သူသာသိသည်
သူ့အတွက်က ကိစ္စမရှိပေမယ့် နဂိုကတည်းက
စိတ်ဒဏ်ရာတွေများခဲ့တဲ့Hunကို ပတ်ဝန်းကျင်က
လူတွေရဲ့ အကဲ့အရဲ့မခံစေချင်ပေ
ဒါကြောင့်မလို့ သူ့အချစ်တွေကို
တစ်သက်လုံးရုတ်သိမ်းဖို့ ဆုံးဖြတ်ထားခဲ့သည်

သဘာဝမကျသည့် ချစ်ခြင်းမှာ နာကျင်ရသူက
ကိုယ်သာဖြစ်စေတော့

မေမေနေမကောင်းလို့ Busanခဏပြန်တုန်း
HyeJinကလည်း အလုပ်ပိတ်ရက်ရ၍
ပြန်လာတာနှင့်ဆုံသည်
သူမနဲ့က မဟုတ်လည်းယူရ
ဟုတ်လည်းယူရမှာပင်မလို့
Chanyeol အချိန်မဆွဲချင်တော့

ဒီထပ်ပိုကြာလာရင် သူစိတ်အလိုလိုက်ပြီး
Hunကို ဖွင့်ပြောမိတော့မှာ
ဒါကြောင့် HyeJinနဲ့ တိုင်ပင်ပြီး
လက်ထပ်ဖို့အရေးကို အပူတပြင်းစီစဉ်ခဲ့တာပင်

သူမက လက်မထပ်ချင်သေးပေမယ့်
စိတ်ချထားချင်လို့ပါ ဆိုတဲ့ သူ့စကားအောက်မှာ
အရည်ပျော်သွားခဲ့ရသည်

Hye Jinကို အသုံးချမိသလိုဖြစ်သွားတဲ့အတွက်တော့
သူစိတ်မကောင်း သူ့အနေနဲ့ သူမကိုသံယောဇဉ်ရှိပါသည်
နှစ်အတန်ကြာပေါင်းလာခဲ့တဲ့သူငယ်ချင်း
ဖြစ်တာကြောင့်ရော သူ့အပေါ်ဆို
အမြဲဂရုတစိုက်ရှိတတ်တာရောကြောင့်ပင်

ဒါပေမယ့် Hunနဲ့တော့ မတူ
Hunက သူ့ဘဝမှာ နှစ်ယောက်ထပ်မရှိလာနိုင်တဲ့
အချစ်နဲ့ချစ်ရသူ

Hunကိုစတွေ့သည့်နေ့ကို
သူ့မှတ်ဥာဏ်ထဲမှာ အထင်အရှားမှတ်မိသည်
အဲ့ဒီနေ့က သူအလုပ်စဝင်တဲ့နေ့ဖြစ်သလို
မိုးတွေရွာတဲ့နေ့

အိမ်ရှေ့တံစက်မြိတ်က မိုးရေတွေကို တို့ထိကာ
ကလေးတစ်ယောက်လိုပျော်နေတဲ့ Hunရဲ့ပုံရိပ်က
သူ့နှလုံးအိမ်ကို ဖမ်းစားသွားတာပင်

၂၄နာရီနီးပါး သူ့စိတ်အစဉ်ကို အစိုးရလာတဲ့
ဒီကောင်လေးကို တကယ်ဆို သူမသိ
နေထိုင်သည့်အိမ်ကလွဲရင်
ကောင်လေးဘာတွေကြိုက်တတ်လဲ
ကောင်လေးရဲ့ဝါသနာကဘာလဲ
ယုတ်စွအဆုံး နာမည်တောင် မသိခဲ့

အဲ့ဒီနောက်ပိုင်း Hunအကြောင်းတွေ
တိတ်တဆိတ်စုံစမ်းသည်
Hunဘာတွေကြိုက်တာလဲ ဘာတွေလုပ်တတ်လဲ

REWIND (Completed) Z+UWhere stories live. Discover now