အပိုင်း [ ၁၅ ]

104K 10.7K 214
                                    

"Boss ရဲ့ Fiance က တကယ် ချစ်ဖို့ကောင်းတာပဲ"

ဒီနေ့ အလုပ်ပြီးတော့ ​​မြတ်သောမာန်တို့ တည်းမည့် Hotelရဲ့ စားသောက်ဆိုင်မှာ ညစာ စားနေကြစဥ် Elly က ပြောလာခြင်း ဖြစ်သည်။

"​အင်း...နေပုံထိုင်ပုံ ရိုးရှင်းပေမယ့် အပြုအမူ အပြောအဆိုတွေက ကိုယ် လေးစားရလောက်တဲ့ ကောင်လေးလေ"

အခုဆို မိုင်မိုင်းရဲ့အကြောင်းပြောတိုင်း မြတ်သောမာန် အလိုလို ပြုံးနေတတ်ပြီ။ ဒါကို ၅ နှစ်ကျော်တောင် သူ့အတွင်းရေးမှူးဖြစ်လာတဲ့ Elly လည်း သတိထားမိလောက်ပါ၏။

"Boss မပြန်ခင် ဘာလက်ဆောင် ဝယ်သွားပေးချင်လဲ...ကျွန်မ ပြင်ဆင်ပေးမယ်"

သူ ​Elly ပြောတာကို စဥ်းစားနေရင်း Hotel စားသောက်ဆိုင်ထဲတွင် အလှဆင်ထားသည့် သစ်ခွပန်းတွေကို မြင်တော့ မိုင်မိုင်း သစ်ခွပန်း ကြိုက်တာကို အမှတ်ရသွား၏။

"သစ်ခွပင်တွေ...ဘန်ကောက်မှာပဲ ရနိုင်တဲ့ ရှားရှားပါးပါး သစ်ခွမျိုးတွေ လိုချင်တယ် Elly"

"ဟုတ်ကဲ့ ဘယ်နေရာမှာ ရနိုင်မလဲဆိုတာ ကျွန်မ ရှာထားလိုက်ပါ့မယ်"

Elly နှင့် သူ ညစာ စားပြီးနောက် သူတို့ ယူထားသည့် Hotel ခန်းတွေ ရှိရာ အထပ်ဆီသို့ ဓာတ်လှေကားဖြင့် တက်ခဲ့ကြ၏။

"ဒီနေ့ တာဝန်ကျေခဲ့ပါတယ် Elly...အနားယူလိုက်ပါဦး"

"ဟုတ်ကဲ့...Boss လည်း ကောင်းကောင်း အနားယူပါ"

Elly က Hotel ခန်းထဲ ဝင်သွားတော့ မြတ်သောမာန်လည်း Elly ရဲ့ အခန်းနှင့် မျက်စောင်းထိုးရှိ သူ့ အခန်းထဲကို ဝင်လိုက်သည်။

အချိန်က ည ၉ နာရီကျော်ပြီ ဖြစ်ကာ မြတ်သောမာန် အိပ်ရာမဝင်ခင် ရေ အရင် ချိုးရသည်။ ဆံပင်တွေ ခြောက်တော့ သူ မီးခိုးရောင် Pajamas တစ်စုံကို လဲဝတ်လိုက်၏။

လက်တစ်ဖက်တည်းဖြင့် ညအိပ်ဝတ် အင်္ကျီကြယ်သီးတွေကို တပ်နေရင်း သူ မိုင်မိုင်းကို ဖုန်းခေါ်လိုက်တော့

"Hello"

ချက်ချင်း ဖုန်းကိုင်သည့် မိုင်မိုင်းက အခုချိန်ထိ အိပ်သေးဟန် မတူ။
အချိန် ကွာခြားချက်အရ
ဒီမှာတောင် ၁၀ နာရီ ခွဲပြီဆိုတော့ အဲဒီမှာ ၁၀ နာရီထိုးပြီ။

မိုင်Where stories live. Discover now