႐ႊယ့္ေခ်ာင္းတစ္ေယာက္ ဆုေမာ့ကို ျပန္ေတြ႕ေတာ့ ေတာႀကီး မ်က္မည္း ေတာင္ၾကားထဲက သစ္အိုပင္ႀကီးတစ္ပင္ေအာက္မွာ။
ျဖဴလႊလႊ သူ႔ဝတ္ရံုမွာ ေသြးတို႔နွင့္ နီစြန္းေနခဲ့သည္။ သူ႔ဆံပင္ ဖရိုဖရဲနွင့္ ေခါင္းငိုက္စိုက္လို႔ ေနခဲ့သည္။ အေရးတယူမျပဳမိပါဘဲ၊ ရႊယ့္ေခ်ာင္း သူ႔အနားတိုးသြားကာ နွစ္ခ်က္မ်ွ ကန္ၾကည့္လိုက္ေတာ့ ဆုေမာ့ တစ္ကိုယ္လံုး လဲၿပိဳသြားေတာ့သည္။ ျဖဴေဖ်ာ့ေဖ်ာ့ သူ႔မ်က္နွာ ေပၚလာသည္။ သူ႔ရုပ္ဟန္က ေသသူ႔နည္း။
"ရွင္လည္း ဒီလိုမ်ိဳး ျဖစ္တတ္သကိုး..." ရႊယ့္ေခ်ာင္း ခနဲ႔လိုက္မိေတာ့သည္။
မ်က္နွာသာ လႊဲလိုက္ၿပီး သူမ ေတာင္ေၾကာတစ္ေလ်ွာက္ ေဆးပင္အရွာ ဆက္ထြက္လာခဲ့လိုက္သည္။ ညေနေစာင္း အိမ္အျပန္ေရာက္မွသာ ဆုေမာ့ သစ္ပင္ေအာက္မွာ ဆက္ရွိေနတာကို သူမ သတိထားမိသည္။ သူ႔မ်က္နွာေပၚက ေသြးတို႔ပင္ ေသြ႕ေျခာက္လို႔ ခဲကုန္ၿပီ။ ယခုေတာ့ သူ႔အနားမွာ ယင္ေကာင္ ပိုးမႊားတို႔ ဝိုင္းလို႔ေန၏။ ဆုေမာ့လို မိုးယံထက္က သူေကာင္းတစ္ပါးအဖို႔ ဤမ်ွ သနားစဖြယ္ အတိဒုကၡ ဘယ္တုန္းက ေရာက္ခဲ့ဖူးမလဲ။
ရႊယ့္ေခ်ာင္း သူ႔ေဘးနား ရပ္ေနရင္း အေတြးနယ္ ေျခဆန္႔ေနခဲ့မိသည္။ သို႔ေပမဲ့ ကပိုကရို ႏြယ္က်ေနေသာ ဆံေခြမ်ားေနာက္၌ ၿပံဳးေယာင္ေယာင္ နႈတ္ခမ္းတစ္စံုက ဆုေမာ့မွာ ရွိနွင့္သည္။ မသိလ်င္ သူ စိတ္ခ်ေက်နပ္စြာ ေသဆံုးသြားသည္ထင္ရ၏။
ဆုေမာ့ စိတ္ေအးခ်မ္းသာစြာ ေသရသည္ဟု ေတြးမိေတာ့ ရႊယ့္ေခ်ာင္း ေအာ္ကလီဆန္လာမိသည္။
ပုပ္ပြေနၿပီးေသာ အေလာင္းကို ကိုင္တြယ္သည့္ပမာ ရႊယ့္ေခ်ာင္း ဆုေမာ့ကို အက်ႌဂုတ္စမွဆြဲ၍ အိမ္ျပန္ေခၚလာလိုက္ေတာ့သည္။
ဒီလိုလူတစ္ေယာက္ သက္သက္သာသာ ေသရဖို႔ဆိုသည္မွာ ဘယ္သို႔ဘယ္ပံု အဘယ္အေၾကာင္းေၾကာင့္ မသင့္ေတာ္ေၾကာင္းသာ သူမ ေတြးေနခဲ့မိသည္။
ဆုေမာ့... သူ ဒီထက္မက ဆိုးေသာ အေသဆိုးနွင့္ ေသသင့္သည္။
_____
ရွှယ့်ချောင်းတစ်ယောက် ဆုမော့ကို ပြန်တွေ့တော့ တောကြီး မျက်မည်း တောင်ကြားထဲက သစ်အိုပင်ကြီးတစ်ပင်အောက်မှာ။
ဖြူလွှလွှ သူ့ဝတ်ရုံမှာ သွေးတို့နှင့် နီစွန်းနေခဲ့သည်။ သူ့ဆံပင် ဖရိုဖရဲနှင့် ခေါင်းငိုက်စိုက်လို့ နေခဲ့သည်။ အရေးတယူမပြုမိပါဘဲ၊ ရွှယ့်ချောင်း သူ့အနားတိုးသွားကာ နှစ်ချက်မျှ ကန်ကြည့်လိုက်တော့ ဆုမော့ တစ်ကိုယ်လုံး လဲပြိုသွားတော့သည်။ ဖြူဖျော့ဖျော့ သူ့မျက်နှာ ပေါ်လာသည်။ သူ့ရုပ်ဟန်က သေသူ့နည်း။
"ရှင်လည်း ဒီလိုမျိုး ဖြစ်တတ်သကိုး..." ရွှယ့်ချောင်း ခနဲ့လိုက်မိတော့သည်။
မျက်နှာသာ လွှဲလိုက်ပြီး သူမ တောင်ကြောတစ်လျှောက် ဆေးပင်အရှာ ဆက်ထွက်လာခဲ့လိုက်သည်။ ညနေစောင်း အိမ်အပြန်ရောက်မှသာ ဆုမော့ သစ်ပင်အောက်မှာ ဆက်ရှိနေတာကို သူမ သတိထားမိသည်။ သူ့မျက်နှာပေါ်က သွေးတို့ပင် သွေ့ခြောက်လို့ ခဲကုန်ပြီ။ ယခုတော့ သူ့အနားမှာ ယင်ကောင် ပိုးမွှားတို့ ဝိုင်းလို့နေ၏။ ဆုမော့လို မိုးယံထက်က သူကောင်းတစ်ပါးအဖို့ ဤမျှ သနားစဖွယ် အတိဒုက္ခ ဘယ်တုန်းက ရောက်ခဲ့ဖူးမလဲ။
ရွှယ့်ချောင်း သူ့ဘေးနား ရပ်နေရင်း အတွေးနယ် ခြေဆန့်နေခဲ့မိသည်။ သို့ပေမဲ့ ကပိုကရို နွယ်ကျနေသော ဆံခွေများနောက်၌ ပြုံးယောင်ယောင် နှုတ်ခမ်းတစ်စုံက ဆုမော့မှာ ရှိနှင့်သည်။ မသိလျင် သူ စိတ်ချကျေနပ်စွာ သေဆုံးသွားသည်ထင်ရ၏။
ဆုမော့ စိတ်အေးချမ်းသာစွာ သေရသည်ဟု တွေးမိတော့ ရွှယ့်ချောင်း အော်ကလီဆန်လာမိသည်။
ပုပ်ပွနေပြီးသော အလောင်းကို ကိုင်တွယ်သည့်ပမာ ရွှယ့်ချောင်း ဆုမော့ကို အကျႌဂုတ်စမှဆွဲ၍ အိမ်ပြန်ခေါ်လာလိုက်တော့သည်။
ဒီလိုလူတစ်ယောက် သက်သက်သာသာ သေရဖို့ဆိုသည်မှာ ဘယ်သို့ဘယ်ပုံ အဘယ်အကြောင်းကြောင့် မသင့်တော်ကြောင်းသာ သူမ တွေးနေခဲ့မိသည်။
ဆုမော့... သူ ဒီထက်မက ဆိုးသော အသေဆိုးနှင့် သေသင့်သည်။
YOU ARE READING
ဆောင်းခွာလေသည့် နှင်း
Short Storyေဆာင္း ခြာေလတဲ့ နွင္း Jiu Lu Fei Xiang ရဲ႕ ဝတၳဳတိုတစ္ပုဒ္... အဲ့သလိုေျပာရင္ သိလိုက္ေတာ့ _________ ဆောင်း ခွာလေတဲ့ နှင်း Jiu Lu Fei Xiang ရဲ့ ဝတ္ထုတိုတစ်ပုဒ်... အဲ့သလိုပြောရင် သိလိုက်တော့