နောက်တစ်နေ့ မနက်၊ သူတို့ နှစ်ဦးသား အိမ်အတွက် ပစ္စည်းများ ဝယ်ခြမ်းရန် ထွက်လာလိုက်သည်။ ဈေးဝယ်အပြီး အိမ်ပြန်တော့မည်အပြု၊ ဆုမော့က ရွှယ့်ချောင်းကို ရုတ်တရက် လှမ်းခေါ် တားလိုက်တော့သည်။
"မင်း ဆံပင်တွေ ပြေကျနေတယ်" သူ့လက်နှစ်ဖက်ကြွကာ ရွှယ့်ချောင်းဆံပင်များကို သပ်တင်သိမ်းဆည်းပေးနေသည်။
စက္ကန့်ပိုင်းအတွင်း ရွှယ့်ချောင်း ဆံနွယ်များ လုံးလုံး လျော့ရဲပြေကျသွားသည်ကို ခံစားမိလိုက်သည်။ ဆုမော့က သူမ သစ်သားဆံထိုးကို ယူ၍ အနောက်ဘက်ဆီသို့ ပစ်ပေါက်လိုက်ခြင်း။ သူမ အော်သံတစ်သံကြားလိုက်သည်။ ထို့နောက်တော့ သစ်ပင်ပေါ်၌ ပုန်းခိုနေသော ဝတ်ရုံနက်နှင့် လူတစ်ယောက် မြေပြင်ပေါ် ပြုတ်ကျလာတော့၏။ ရွှယ့်ချောင်း အလန့်တကြား လှည့်ကြည့်လိုက်တော့ တွေ့ရသည်မှာ ထိုလူ့ မျက်ခုံးနှစ်ခုအကြား စိုက်ဝင်နေသော သူမ၏ ဆံထိုး။ ထိုသူ ဧကန်မုချ သေပြီပေါ့။
ရွှယ့်ချောင်း ဆုမော့ဘက်လှည့်လိုက်တော့ ပြုံးစစ လုပ်နေသည်ကိုသာ တွေ့ရလေသည်။ "မကြောက်ပါနဲ့ ရွှယ့်ချောင်းရယ်... ဒါ လုပ်ကြံသူတွေလောက်ပဲ" သူ ရွှယ့်ချောင်းဆံနွယ်များကို ပွတ်သပ်ရင်း ဆက်ပြောလိုက်သည်။ "ဒီကိစ္စပြီးမှ ကိုယ် မင်းအတွက် ဆံထိုးထပ်ထွင်းပေးမယ်လေနော်"
သူဟာ ချင်းလော့မျိုးနွယ်စု၏ ထိုရက်စက်တတ်သော ခေါင်းဆောင်ဖြစ်နေဆဲ။ လိုအပ်လျင် လိုအပ်သလို တွေဝေတုန့်ဆိုင်းခြင်းမရှိ သက်ခြွေနေဆဲ။ ဒီလိုဆုမော့မျိုးက ရွှယ့်ချောင်းအား စိုးရွံ့စေသည်။ သူမ အသာတုန်လှုပ်မိနေတော့သည်။
"ရှင် ဘယ်အချိန်ကတည်းက အတွင်းအား ပြန်ရသွားတာလဲ"
"ဘယ်တုန်းကမှ မပျက်သွားခဲ့တာ"
ရွှယ့်ချောင်း လက်သီးကလေးများ ဆုပ်သွားမိသည်။ ထို့နောက် သူမ ဆက်မေး၏။ "ဒါဆို ဘာလို့ သူတို့ ရှင့်ကို လိုက်သတ်နေတာလဲ"
YOU ARE READING
ဆောင်းခွာလေသည့် နှင်း
Short Storyဆောင်း ခွာလေတဲ့ နှင်း Jiu Lu Fei Xiang ရဲ့ ဝတ္ထုတိုတစ်ပုဒ်... အဲ့သလိုပြောရင် သိလိုက်တော့ _________ ဆောင်း ခွာလေတဲ့ နှင်း Jiu Lu Fei Xiang ရဲ့ ဝတ္ထုတိုတစ်ပုဒ်... အဲ့သလိုပြောရင် သိလိုက်တော့