(၃)

1.2K 214 2
                                    

ဆုမော့၏ သွေးအေးရက်​စက်​မှု အတိုင်းအဆနှင့်​ ကောက်​ကျစ်​ယုတ်​မာနိုင်​မှုအတိုင်းအတာတို့ကို အခြားသူများထက်​ ရွှယ့်​ချောင်းက အသိဆုံးဖြစ်​သည်​။ ချင်းလော့မျိုးနွယ်​စု ခေါင်းဆောင်​ ဆုမော့၊ လက်​ရှိ သိုင်းလောက ခေါင်းဆောင်​၏ သားမက်​ ဆုမော့။ သူသည်​ ယောက္ခထီးနှင့်​အတူ သိုင်းလောကတစ်​ခုလုံးကို အစိုးရသူဖြစ်​လေသည်​။ အခုဖြစ်​ပုံအရမှန်းရလျင်​ အပြင်​ဘက်​သိုင်းလောကဝယ်​ ကသောင်းကနင်း ဖြစ်​ကာ ဗလောင်​ဆူနေရော့ပြီ။

ဆုမော့ မည်​မျှပင်​ သနားစရာအသွင်​ ဖြစ်​လာသည့်​တိုင်​၊ ရွှယ့်​ချောင်းကတော့ အမှတ်​တမဲ့လို မနေနိုင်​။ ဆုမော့ ကိုယ်​ပေါ်ကဒဏ်​ရာများ ပျောက်​ကင်းစပြုလာချိန်​မှာ ရွှယ့်​ချောင်း သူ့ကို အနက်​ရောင်​ဆေးတစ်​လုံး အတင်းတိုက်​ကျွေးခဲ့သည်​။ အစာအိမ်​ထဲထိ အဆိပ်​ဝင်​သွားလျင်​တောင်​ ပြန်​အန်​ထုတ်​နိုင်​စွမ်းသော ဆုမော့တစ်​ယောက်​ ထိုဆေးလုံးကိုတော့ လိမ်​လိမ်​မာမာ မြိုချခဲ့လေသည်​။

"အရသာက ကောင်းလည်း မကောင်းဘူး..." ဆုမော့က စသည်​။

"သိုင်းပညာတွေ ပျက်​ဆီးစေတဲ့ ဆေးပဲ... ဘယ်​လိုလုပ်​ အရသာ ကောင်းနိုင်​မှာလဲ..."

ရွှယ့်​ချောင်း စကားကို ကြားပြီးသည့်​တိုင်​ ဆုမော့ ဘာမှ မလုပ်​ခဲ့။ ဒီအတိုင်း ဆက်​ထိုင်​နေပြီး ရွှယ့်​ချောင်းကိုသာ မမှိတ်​မသုန်​ ဆက်​ကြည့်​နေခဲ့သည်​။ သူ ခဏလေး အကြည့်​လွှဲလိုက်​သည်​နှသ့်​ သူမ ပျောက်​ကွယ်​သွားမည်​ကို စိုးရိမ်​သည့်​အလား။

သိပ်​မကြာလိုက်​၊ ဆုမော့ သွေးကြောတွေ ထောင်​ထလာသည်​။ သူ့အသက်​ရှူသံက ပြင်းထန်​လာသည်​။ သူ သေအံ့ဆဲဆဲ နာကျင်​နေသည့်​အလား။ နောက်​ဆုံးတော့ သူ မျက်​လုံးအစုံသာမှိတ်​ထားလိုက်​ပြီး အံကြိတ်​ထားတော့သည်​။

ရွှယ့်​ချောင်း သူ့ကို တစ်​ခဏမျှသာ လှည့်​ကြည့်​ပြီး အခန်းထဲမှ ပြန်​လှည့်​ထွက်​သွားတော့သည်​။

ဆောင်းခွာလေသည့် နှင်းWhere stories live. Discover now