ရွှယ့်ချောင်း လစဉ် လတိုင်း ဈေးသွားတတ်သည်။ သို့ရာ၌ ဘုရားကျောင်းအိုပျက်ကို အမြဲတစေ အရင်ဝင်တတ်သည်။ ဒီကျောင်းအိုလေးက သမားတော်မပင့်နိုင်လောက်အောင် ငွေကြေးချို့တဲ့သော သူဆင်းရဲတို့အဖို့ ခိုနားစရာ။ ထိုလူများကို တစ်လတစ်ခါ ကုသမှုပေးရန် ရွှယ်ချောင်း တာဝန်ယူထားလေသည်။ ပြီးလျင်တော့၊ တောင်ပေါ်မှ ရှာဖွေတူးဖော်ထားသော အဖိုးတန်ဆေးမြစ်များကို မြို့ထဲမှ ဆေးဆိုင်ကြီးများတွင် ငွေအဿပြာ၊ ဆေးအချို့တို့နှင့် လဲလှယ်သည်။ ဘုရားကျောင်းမှာ နေထိုင်သူတို့အတွက် ဆေးပေးဝေငှပြီးလျင်တော့ လိုအပ်သည်တို့ဝယ်ပြီး အိမ်ပြန်လေ့ရှိသည်။
သို့သော်လည်း ရာသီဥတု ရုတ်တရက် အပြောင်းအလဲရှိသည်ကတစ်ကြောင်း၊ သူမ နောက်ဆုံးတစ်ခေါက်လာကြည့်ပြီးကတည်းက အတော်ကြာမှ လာဖြစ်သည်က တစ်ကြောင်းတို့ကြောင့် ရွှယ့်ချောင်း ကုသပေးရမည့် လူနာအရေအတွက်က ဝင်လာမစဲဖြစ်နေတော့သည်။ သူမ ဆေးကုသအပြီး၊ ဆေးမြစ်များနှင့် လိုအပ်သည့်ပစ္စည့်များ လဲလှယ်ပြီးချိန်မှာတော့ နေဝင်ချိန်ပင်လွန်ရော့ပေါ့။ မြို့တံခါးများလည်း ပိတ်ချေပြီမို့ ရွှယ့်ချောင်း ရွေးချယ်စရာ မရှိတော့ဘဲ မြို့တွင်းမှာသာ ညအိပ်လိုက်ရသည်။ နောက်တစ်နေ့ မနက်စောစောမှသာ အိမ်ပြန်နိုင်လေသည်။
စားပွဲပေါ်မှ အေးစက်နေပြီဖြစ်သော စားဖွယ်များကို တွေ့တော့ ရွှယ့်ချောင်း အံ့အားသင့်သွားမိသည်။ ပုံစံအရတော့ မနေ့က ပြင်ဆင်ထားပုံရလေသည်။ ဆုမော့ တကယ်ကြီး သူမအတွက် ညစာပြင်ပေးသတဲ့လား။ မယုံကြည်နိုင်စွာ၊ ရွှယ့်ချောင်း နေမင်းကြီးကို လှမ်းကြည့်လိုက်မိသည်။ ယနေ့ အနောက်အရပ်မှ သင်းထွက်ခဲ့သလားလို့။
လူယုတ်မာကလိန်ကကျစ်က ညစာပြင်သည်တဲ့လေ။
အခုအချိန်သူက အတိတ်က သူနှင့်စာလျင် များစွာ သာလွန်ကောင်းမွန်နေပေမယ့်လို့။
YOU ARE READING
ဆောင်းခွာလေသည့် နှင်း
Short Storyဆောင်း ခွာလေတဲ့ နှင်း Jiu Lu Fei Xiang ရဲ့ ဝတ္ထုတိုတစ်ပုဒ်... အဲ့သလိုပြောရင် သိလိုက်တော့ _________ ဆောင်း ခွာလေတဲ့ နှင်း Jiu Lu Fei Xiang ရဲ့ ဝတ္ထုတိုတစ်ပုဒ်... အဲ့သလိုပြောရင် သိလိုက်တော့