ဦးချစ်​သည်း 29

459 27 38
                                    

အနားစွန်း​လေး​တွေမှာ အရုပ်​​လေး​တွေနှင့်​ထီးအကြည်​​လေး
ကိုလှမ်းမြင်​ပြီး Yoona မျက်​​မှောင်​ကုတ်​သွား၏

ဒါ...သားထီးမဟုတ်​ဘူးလား...။

ထီး​လေးက Sehun တို့အိမ်​​နောက်​​ဖေးမှာငြိမ်​သက်​လျက်
တစ်​ဖက်​ကထီးကိုလှမ်းမြင်​ပြီး သားအခန်းဆီထွက်​လာခဲ့
သည်​။ အခန်း​ရှေ့​ရောက်​လျှင်​ အထဲက Lock ချထားသည့်
တံခါးကိုတွန်းဖွင့်​ရင်း ပိုအံ့သြမိသည်​။

သား ဒီလိုဘယ်​တုန်းကမှ lock ချမထားတတ်​ပါဘူး...

"သား...သား...hannie...."

"ဟင်​...hannie ​လေးကိုအ​စောကြီးနှိုး​နေတာလား
မမ​လေး..."

အိမ်​​တော်​ထိန်းကြီးက ​နောက်​က​ရောက်​လာပြီး တအံ့တသြ
ပြော၏ သူမဘာမှပြန်​မရှင်းနိုင်​....

"မနက်​စာ သွားပြင်​ထား​ပေးပါ.."

အနားမှာမရှိ​စေချင်​လို့ တမင်​ခိုင်းလိုက်​တာဖြစ်​သည်​။
အိမ်​​တော်​ထိန်းထွက်​သွားမှ သူမအခန်းထဲက ​သော့ပြန်​ယူ
ပြီး အခန်းကိုဖွင့်​လိုက်​သည်​။

အထဲမှာ သားမရှိ.....

သားဖက်​အိပ်​​နေကြ အရုပ်​​လေးကြမ်း​ပေါ်ကျ​နေသည်​။
Yoona သားအခန်းက​နေထွက်​သည့်​ ဝရန်​တာသို့
ထွက်​ကြည့်​မိသည်​။ ဒီဝရန်​တာက​နေ ​အောက်​ဘက်​ကို
ဆင်းလို့ရသည်​။ တံခါးဖွင့်​ပြီး အပြင်​ထွက်​လို့ရသည်​။

သားဟိုဘက်​အိမ်​သွား​နေတာလား....?
စော​စောစီးစီးဘာသွားလုပ်​တာလဲ...?

အပြင်​မှာ ​ဝေလီ​ဝေလင်းပဲရှိ​သေးသည်​။
Yoona အိမ်​​ပေါ်ထပ်​ကဆင်းလာပြီး Sehun အိမ်​​နောက်​​ဖေးသို့ထွက်​လာမိသည်​။ အိမ်​​နောက်​​ဖေး​ရောက်​လျှင်
သားထီး​လေးကို​ကောက်​ယူပိတ်​လိုက်​ပြီး အိမ်​​နောက်​​ဖေး
တံခါးကိုလှမ်းကြည့်​မိသည်​။

တံခါးက ​စေ့ပိတ်​လျက်​....

Yoona ဘာမှ​ရေ​ရေရာရာမ​တွေးနိုင်​ မ​တွေးအားဘဲ
တံခါးဆီသွားပြီး တွန်းဖွင့်​လိုက်​လျှင်​ တံခါးက​စေ့ရုံ​စေ့ထားပြီး
ပွင့်​သွား၏

ဉ်ီးချစ်​သည်းWhere stories live. Discover now