ဦးချစ်​သည်း 30

431 32 23
                                    

"ဘာ​တွေဖြစ်​ကုန်​တာလဲ ​ဖေ​ဖေနဲ့ hannie..."

ဘယ်​လိုပဲအားတင်းထားပါ​စေ ထိုစကားကိုမဆက်​နိုင်​။
ပြောမထွက်​နိုင်​....။

"hannie ကို​ဖေ​ဖေ့အိပ်​ရာထဲမှာ​တွေ့ပြီး အန်​တီ Yoona
ဆေးရုံတင်​လိုက်​ရတာ...."

Junhan သူ့သူငယ်​ချင်း၏စကားကို ခါးသီးစွာပြန်​ကြား
ယောင်​မိပြန်​၏ တကယ်​ဆို ​ဖေ​ဖေ့ကို သူမ​မေးချင်​...
hannie ကို​မေးချင်​ခဲ့တာ...

ဒါ​ပေမယ့်​ အန်​တီ Yoona တို့က hannie နဲ့သူ့ကို
လုံးဝ​ပေးမ​တွေ့ခဲ့ပါ...

"​ဖေ​ဖေ...ကျွန်​​တော့်​ကိုပွင့်​ပွင့်​လင်းလင်း​ပြောစမ်းပါ
hannie နဲ့​ဖေ​ဖေ ဘာ​တွေဖြစ်​ခဲ့ကြတာလဲ...
အန်​တီက ဘာလို့အထင်​လွဲသွားတာလဲ...
ကျွန်​​တော်​မရှိတဲ့ လပိုင်း​လေးအတွင်းဘာ​တွေဖြစ်​သွားကြတာ
လဲ...."

သူ ဘာဆက်​​မေးရမှန်းမသိ​တော့။
သူ အသံတိတ်​သွားတဲ့အခါ အိမ်​ထဲမှာပကတိတိတ်​ကျသွား၏
သူ​ဖေ​ဖေ့ဆီကအ​ဖြေကိုနားစွင့်​ရင်း အ​မှောင်​ထဲက​ဖေ​ဖေ့
မျက်​နှာကို စူးစိုက်​ကြည့်​​နေမိသည်​။

ဖေ​ဖေ့ဆီမှ ဘာသံမှထွက်​မလာ...
တဖြည်းဖြည်းခံစားချက်​​တွေ ပြင်းထန်​​ပေါက်​ကွဲချင်​လာသည့်
သူ့အသက်​ရှူသံ ခပ်​ပြင်းပြင်းသည်​သာပို၍ပို၍ ကျယ်​လာသည်​။

"​ဖေ​ဖေ~~~~"

အရာရာကို သ​ဘော​ပေါက်​လိုက်​သလို သူဆို့နင့်​စွာ​ခေါ်မိသည်​။

"အားလုံး​ပြော​နေကြတာ​တွေ မဟုတ်​ဘူးလို့​ပြော​ပေးပါ
ကျေးဇူးပြုပြီး ​ပြော​ပေးပါ...ကျွန်​​တော်​ ​ဖေ​ဖေ​ပြောသမျှ
ယုံ​ပေးမှာ...​ပြော​ပေးပါ​ဖေ​ဖေ"

"ကျွန်​​တော့်​အ​ဖေက အဲ့လိုလူစားမျိုးမဟုတ်​ဘူး...
သိပ်​ကို သိက္ခာသမာဓိရှိပြီး ​ဖြောင့်​မတ်​တည်​ကြည်​တဲ့လူ
မဟုတ်​ဘူးလို့ ​ပြော​ပေးစမ်းပါဗျာ~~~~"

တိတ်​ဆိတ်​​နေသည့်​အိမ်​ထဲမှာ သူတစ်​​ယောက်​တည်း
အော်​ဟစ်​​ပေါက်​ကွဲမိရင်း​နေရာမှ ဒူးညွတ်​ကျသွား၏
သူ​ဖေ​ဖေ့ကို ပြန်​​မော့ကြည့်​မိသည်​။

ဉ်ီးချစ်​သည်းWhere stories live. Discover now