အပိုင်း [ ၁၈ ]

78K 9.9K 481
                                    

"မိုင်မိုင်းရေ ... ဂရုစိုက်ပြီး ပြန်နော်"

"ဟုတ်ကဲ့ဗျ"

သက်ကြီးပူဇော်ပွဲအတွက် လိုအပ်သည်များအား ကြိုတင်ပြင်ဆင်စရာတွေ ရှိခဲ့၍ ဒီနေ့ မိုင်မိုင်းရဲ့ အိမ်ပြန်ချိန်က ပုံမှန်ထက် နောက်ကျနေခဲ့သည်။

"ကျွန်တော် သွားပြီနော်"

"ကောင်းပါပြီရှင်"

လူငယ် ပရဟိတ အသင်းက အစ်ကို၊ အစ်မတွေကို နှုတ်ဆက်ခဲ့ပြီး သူ ပြန်လာသည့် လမ်းတွင်
အနောက်ဘက် တောင်တန်းဆီမှာ နေရောင် ဖျဖျသာ လင်းတော့သည်။

သစ်ပင်ကြီးတွေအုပ်ဆိုင်းလျက်ရှိသော လမ်းမကြီးထက် ဖြည်းဖြည်း မှန်မှန်ပင် လျှောက်နေသော်လည်း စိတ်ထဲ လေးလံလာမှုက သိသိသာသာ။

သူ့မှာ တစ်စုံတစ်ရာ ဖြစ်တော့မည်ဆိုလျှင် ကြိုသိသလို အာရုံမျိုး ရှိပြီး
ကောင်းမှု၊ ဆိုးမှုအလိုက် ခံစားချက် ကွာ၏။

ထိုစဥ် နောက်ပါးဆီမှ ကားသံကြားရတော့ ​ရင်ထဲ နင့်သွားတဲ့ ဖိအား။

သူ လှည့်မကြည့်သော်လည်း ထိုကားက ဘီးလှိမ့်ရုံ အရှိန်လျှော့ကာ သူ့နံဘေးသို့ယှဥ်မောင်းလာပြီ။

"မိုင်း"

အစ်ကိုလင်းသစ်ရဲ့ခေါ်သံကြောင့် ထိတ်လန့် တုန်လှုပ်သွားရပေမယ့် မိုင်မိုင်း မနည်း လျစ်လျူရှူပြီး ကိုယ့်လမ်းကိုယ် ခပ်သွက်သွက် ဆက်လျှောက်လိုက်၏။

"မိုင်း...အစ်ကိုနဲ့ စကားပြောရအောင်"

သူ့ဘက်က ဘာမျှ မတုံ့ပြန်သည့်အခါ စိတ်ရှည်တော့ပုံမရသော အစ်ကိုလင်းသစ်က ကားကို ကွေ့ဝိုက်လျက် သူ့ရှေ့တွင် လမ်းပိတ်ရပ်ပစ်သည်။

"ကျွီ!"

မိုင်မိုင်း ရှောင်လိုက်တာ မြန်၍သာ ကားဘီးနှင့် သူ့ခြေထောက်က သီသီလေး လွှတ်သွားခြင်း။

သူ အစ်ကိုလင်းသစ်ကို ရွံ့ရတာ ထိုကဲ့သို့ ထင်ရာစိုင်းသည့် လုပ်ရပ်တွေကြောင့်ဖြစ်ပြီး

တစ်ဖက်သားအတွက် နည်းနည်းလေးတောင် ထည့်မတွက်တတ်သော အကျင့်စရိုက်တွေကိုလည်း သူ လုံးဝ မကြိုက်။

မိုင်Where stories live. Discover now