Part-3

24.9K 2.1K 33
                                    

အနမ်းခြွေမယ် ကလေး...........

အပိုင်း၃

မင်းမြတ်ခွန်း

ကျွန်တော် ဝလုံးလေးကို တွန်းလှည်းလေးထဲထည့်ထားသည်။ နူတ်ခမ်းလေးဆူကာ အိပ်နေတဲ့ ဝလုံးလေးကို ကျွန်တော်သူများလက်ထဲမထည့်ချင်တော့ပါ။

ဝလုံးအိမ်ကိုရောက်တာ တစ်လပြည့်သွားခဲ့ပြီဖြစ်သည်။

"အကိုလေး သွန်းလေး ကိုသိပ်ရင်း မနေ့ကဘာဖြစ်လို့ ညဘက်ကြီးထအော်တာလဲ မဝေတို့ လန့်သွားတာပဲ.......

မဝေပြောမှ ကျွန်တော့်အဖြစ်ကျွန်တော် တွေးမိတော့သည်။

"ဝလုံးလေးကလေ ကျွန်​ေတာ့်သိပ်နေတုံး ဘေးမှာသူပါအိပ်နေတာ...အဲဒါနဲ့လေ သူ့ဘာသာသူ အိပ်နေရင်း မှောက်လိုက်တာ.....

မဝေမျက်နာက ပြုံးသွားကာ

"အယ် ဝလုံးလေးက မှောက်တတ်နေပြီပေါ့......

ကျွန်တော့်မျက်ခုံးကို ကျုံလိုက်မိသည်။ ပြီးနောက် အသံမာမာဖြင့်

"မဝေနောက်ဆို ဝလုံးလေးကို ကျွန်​ ေတာ် ကလဲွပြီး ဝလုံးလေးလို့မခေါ်ပါနဲ့ ကျွန်​ေတာ်မကြိုက်ဘူး.......

မဝေမျက်နာပျက်သွားကာ

"ဟုတ်ကဲ့ပါအကိုလေးရဲ့ သွန်း.... သွန်းလို့ပဲခေါ်မယ်နော်......

ဟုတ်တယ် ဝလုံးလေးကို ဝလုံးလေးလို့ ကျွန်တော်ပဲခေါ်မယ် ကျွန်တော်ကလွဲလို့ ကျန်တဲ့လူခေါ်တာမကြိုက်ဘူး။ဒီနာမည်က ကျွန်တော့် တစ်ယောက်တည်းခေါ်ရမယ့် မူပိုင်နာမည်ပဲ။

ဖုန်းလာတာကြောင်​့ ကောက်ကိုင်လိုက်တော့

"ဟာဟျောင့် သားကြီး ငါမင်းအိမ်လာခဲ့မယ် ရလား.......

"အေးသဘောပဲ လာချင်လာ......

"အေးပါကွာ ချေမိုးနေ စွကောင်.....ငါလာခဲ့မယ် ထမင်းဝိုင်းသေချာပြင်ထားကွ.....

"ဘောလား ဒါပဲဟျောင့်.....

သူမပြောခင် ဖုန်းကိုချလိုက်သည်။ ကျွန်တော့်သူငယ်ချင်း ဝေလင်းစိုးပါ။ ဆိုးးဖော်ဆိုးဖက်ကောင် ဖြစ်သည်။ဝေလင်းစိုးနဲ့ အတူအတော်လေးတော့ ကျွန်တော်ဆိုးခဲ့တယ်။ မနှစ်ကအထိဖြစ်သည်။

အနမ်းခြွေမယ် ကလေး.......(Completed)Zaw&UniWhere stories live. Discover now