Part-12

19.2K 1.7K 22
                                    

အနမ်းခြွေမယ် ကလေး..........

အပိုင်း၁၂

မင်းမြတ်ခွန်း

မင်းမြတ်ခွန်း အိပ်လို့မပျော် ဘေးနားမှာ ညတိုင်းမိမိရင်ခွင်ထဲ ဝင်နေတတ်တဲ့ လူသားလေးရှိမနေလို့ပါ။ Vedio Callခေါ်ကာ သီချင်းဆိုပြခိုင်းတာကြောင့် မိမိခံစားချက်နဲ့တိုက်ဆိုင်တဲ့ သီချင်းလေးကို ဆိုပြနေမိသည်။ ခံစားချက်အပြည့်ဖြင့်ပေါ့။

ကလေးလေး အိပ်စက်နေပုံကို လက်တော့နဲ့ ကြည့်နေရတာမို့ ကြည့်မဝ။ ဖြူဖြူဖွေးဖွေးပါးလေးမှာ သွေးကျောလေးတွေရှိနေသည်။ ထိုပါးပြင်လေးကို ထိတွေ့ကိုင်ချင်သည်။ နမ်းရှိုက်ချင်မိသည်။

မင်းလေးသာမရှိရင် ကို​နေနိုင်ပေါ့မလား။ မင်းလေးသာ အတောင်စုံလို့ ကိုယ့်ရင်ခွင်က ပျံမယ်ဆိုရင် ကိုယ် ရင်ကွဲမှာကလေးရဲ့။ မင်းလေးကို ပိုင်ဆိုင်ချင်တယ် ။ ဒါပေမယ့် မင်းလေးအမုန်းကို ကိုယ်ကြောက်တယ် ကလေး။

"အိမ်မက်လှလှမက်ပါစေ အချစ်ကလေး.......

မင်းမြတ်ခွန်း တစ်ညလုံး ထိုကလေးလေးကို ကြည့်နေမိသည်။ မနက်၃နာရီ သွားမှာမို့ အိပ်မနေတော့ပါ။ မနက်မိုးလင်းသည်အထိ လက်တော့ကို မပိတ်ပဲကားပေါ်တင်လိုက်သည်။

မိမိဘေးက နေရာလွတ်မှာ လက်တော့ကို ချထားလိုက်ကာ ခုထိ အိပ်နေတဲ့ကလေးပေါက်ကို ပြုံးရင်းကြည့်လိုက်သည်။
ကားကိုစတင်မောင်းထွက်လာလိုက်သည်။

မောင်းရင်း ၆နာရီလောက် ကျတော့ ထိုချောင်းသာကမ်း​ခြေလေးကို ရောက်လာခဲ့ပါပြီ။ ခုထိသူလေးကမထသေးတာကြောင့် လက်တော့ကို ပိတ်လိုက်ကာ အိတ်ထဲထည့်လိုက်သည်။ ကိုမင်းကို ဖုန်းဆက်လိုက်သည်။သုံးခါလောက် ဆက်မှ ဖုန်းကိုင်သည်။

"ဟယ်လို ကိုမင်း ဟော်တယ်ရှေ့ထွက်ခဲ့......

သူပြ်န်ဖြေတာမစောင့်ဖုန်းချပါလိုက်သည်။
ကိုမင်းရောက်လာမှ ကလေးတည်းတဲ့ အခန်းဘက်ကို မေးလိုက်သည်။

"ကိုမင်း ဝလုံးလေးက ဘယ်အခန်းလည်း.......

အိပ်ရေးမဝတဲ့ ကိုမင်းက မျက်တောင် ခတ်ကာကြောင်အအကြည့်နေသည်။
ကျွန်တော့်မျက်မှောင်ကျုံလိုက်မိသည်။

အနမ်းခြွေမယ် ကလေး.......(Completed)Zaw&UniWhere stories live. Discover now