Part-24

18.9K 1.4K 13
                                    

အနမ်းခြွေမယ် ကလေး..........

အပိုင်း၂၄

မင်းမြတ်သွန်း


ယောင်းမကြီးနဲ့ ကိုကိုနဲ့သိလို့ ပိုပျော်မိသည်။ ယောင်းမကြီးပြောတာတော့ သူကဖူဂျိုရှီတဲ့ လေ။ lgbtတွေအကြောင်းကိုလည်း အများကြီးပြသည်။ Boy loveဇာတ်ကား တော်တော်များကိုလည်း ပြသေးသည်။

သူ့ကြောင့် ကျွန်တော်ကတော့ blဇာတ်ကားတွေဆွဲလာတော့သည်။ ပြီးတော့သူကပြောသေးသည် အကိုမင်သာ ဖောက်ပြန်ခဲ့ရင် မိန်းမဆို အသေကိုသတ်ပြီးထောင်ထဲဝင်မည်တဲ့ကြောက်စရာပင်။

သို့သော်နောက်လာတဲ့စကားက ငိုအားထက်ရယ်အားကိုသန်စေသည်။ ယျောက်ကျားလေးနဲ့သာဖောက်ပြန်ရင် သူကတစ်ခါတည်းကို သူကိုယ်တိုင်ပေးစားမှာတဲ့လေ။ အော်  .....အကိုမင် ​ယောင်းမကြီးဝမ်ရီဘင်းကို ကြောက်ရခြင်းက ခန္ဓာကိုယ်တစ်ခုတည်းမဟုတ်မှန်းသိလိုက်ရသည်။


ထိုပြင်ထက်ပြောသေးသည် သူ့သားလေးကြီးလာရင် ယောက်ကျားပေးစားမယ်ဆိုတဲ့ မျှော်လင့်ချက်က သူ့ရဲ့အကြီးမားဆုံးအိမ်မက်တဲ့လေ။ လီဒိုလေးရေ မင်းပြေးထားဟေ့ မင်းမေမေက မင်းကိုအသက်ပြည့်တာတောင် စောင့်ပါ့မလားသိဘူး။

​ယောင်းမကြီးဝမ်ရီဘင်းရဲ့သမီးလေးနာမည်က လီရီဖန် ဖြစ်ပြီး ပေးစားခံရမယ့်လသားတော်လေးကတော့ လီဒိုမင်ပါလို့။
ဒိုမင်လေးက အသက်ပြည့်ဖို့တောင် ကြောက်နေလောက်ပြီ သူအမေလင်ပေးစားမှာဆိုးလို့။

ယောင်းမကြီးကပြောပြသည်။ ကိုကိုနဲ့သးငါးလလောက်ခင်ပြီး သူကတရုတ်ကို ပြန်သွားတာတဲ့။ပြန်သွားပြီ ၄လကြာတော့် ကိုကိုဘက်ကဆက်သွယ်ပြီး။ သူညီလေးတစ်ယောက်မွေးစားထားကြောင်း အဲကလေးကိုအရမ်းချစ်ကြောင်း ပြောပြသည်တဲ့လေ။

ယောင်းမကြီးပြောပြတာတော့ ကိုကိုဟာ သူခံစားရသမျှကို ဖေဖေဆုံးကတည်းက ပထမဆုံးယောင်းမကြီးဆီမှာ ရင်ဖွင့်ဖူးတာတဲ့လေ။ ကျွန်တော်ကို ချစ်နေမိတဲ်အကြောင်းတွေ သူစိတ်ကို သူလက်မခံနိုင်တဲ့အကြောင်းတွေကိုပါ တစ်လတစ်ခါမဟုတ်ရင်တောင် တစ်ခါတစ်လေ ရင်ဖွင့်တတ်သည်တဲ့။

အနမ်းခြွေမယ် ကလေး.......(Completed)Zaw&UniWhere stories live. Discover now