The end(final)

26.4K 1.3K 28
                                    

အနမ်းခြွေမယ်ကလေး.........

အပိုင်း၂၆(ဇာတ်သိမ်းပိုင်း)

မင်းမြတ်ခွန်း

ဒီနေ့အရေးပေါ်ခန်းရှေ့မှာ ကျွန်တော်ခေါက်တုံခေါက်ပြန်လျှောက်နေမိသည်။ ဝလုံးလေးကလည်း ကျွန်တော်လို အငြိမ်မနေနိုင် ထိုင်လိုက်ထလိုက်နဲ့အလုပ်များနေကျသည်။ မဝေသည် ဘုရားစာကိုရွတ်ရင်း မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျနေလို့ ဝလုံးလေးမေမေတို့က နှစ်သိမ့်နေရသည်။

ရီဘင်းနဲ့မင်ကလည်း တရုတ်ကိုပြန်သွားကျပြီဖြစ်သည်။ သေမယ်ဆိုတာသိကျပေမယ့် မိဘမဲ့ဖြစ်သွားတော့မယ့် ကလေးလေးသုံးယောက်အတွက် မိဘမဲ့မဖြစ်ဖို့ မျှော်လင့်ကာ ဆုတောင်းနေရသည်။

မဆွေဇင်ဟာ မမွေးခင်တစ်ပတ်လောက်ကတည်း အိပ်ရာပေါ်သာလှဲနေတော့သည်။ မိသားစုဆရာဝန်ကတော့ အခြေအနေမကောင်းဘူးသာပြောလာသည်။ စိတ်မကောင်းဖြစ်မိသလို။ မွေးလာမယ့်ကလေးလေးတွေကို သနားကြင်နာမိသည်။

မိဘတွေကို မြင်တောင်မမြင်လိုက်ရတဲ့ ထိုကလေးသုံးယောက်ကို သနားကြင်နာနေမိသည်။ အိပ်ရာထဲမလဲခင် မဆွေဇင်က အကူအညီတစ်ခုတောင်းဖူးသည်။

"မောင်​လေး ခွန်းနဲ့သွန်း မမပြောစရာရှိတယ်......

မဝေရဲ့ချွေးမမို့ ပိုပြီးတောင်မသိမ်ငယ်အောင် ပြုစုစောက်ရှောက်ကာ နွေးထွေးမူပေးကျရသည်။

"ပြောလေမမ.....

သွန်းလေးက ဆိုဖာပေါ်က မဝေရဲ့ လက်လေးကိုဆုတ်ကိုင်ကာ မျက်နာငယ်လေးကို အားတင်းကာပြုံးရင်းမေးနေသည်။ ကျွန်တော်လည်း မဆွေဇင်ဘေးတစ်ဖက်မှာထိုင်ကာ ကြည့်နေမိသည်။

"မမလေ ဗီဒီယိုတစ်ခုရိုက်ထားချင်တယ် မမသားလေးတွေ မမအသံမမရုပ်ကို သူတို့လူမှန်းသိတတ်တဲ့ အရွယ်မှာပြပေးကျပါနော်......

ကျွန်တော်လည်း မဆွေဇင် ကိုပြုံးပြကာ

"ဒါပေါ့ လာဝလုံးလေး ကင်မရာယူပြီး မီးပါထိုးဖို့ ပြင်ကျရအောင်နော်.....

ဝလုံးလေးက အလိုက်တသိ အနောက်ကလိုက်လာသည်။ အခန်းထဲရောက်တာနဲ့ အသဲနှလှသော ကျွန်တော်ဝလုံးလေး မျက်ရည်တွေ စီးကျလာပြန်သည်။

အနမ်းခြွေမယ် ကလေး.......(Completed)Zaw&UniWhere stories live. Discover now