Part-17

23.1K 1.6K 83
                                    

အနမ်းခြွေမယ် ကလေး .........

အပိုင်း၁၇

မင်းမြတ်ခွန်း

"အင်းဟင်းးးး...ဟင်းးးး .....

ရင်ခွင်ထဲ ပူပူနွေးနွေး ခံစားမူကြောင့် နိုးလာခဲ့ရသည်။ နားထဲ ညည်းသံ သဲ့သဲ့ ကြားနေရသည်။ ထိုးကိုက်လာတဲ့ ခေါင်းကြောင့် မျက်လုံးများကို အားယူကာ ဖွင့်နေရသည်။

"အင်းးး....ဟင်းးးး.....

ရင်ခွင်ထဲ ပူခြစ်နေတဲ့ ကိုယ်သေးသေးလေးကြောင့် မျက်လုံးကို ပြုံးကြည့်လိုက်မိသည်။ ရင်ခွင်ထဲ ခွေအိပ်နေတဲ့ကိုယ်လေး။ တုံရီနေသည်။

ထိုကိုယ်လေးကို ဖယ်ကာထထိုင်ကာကြည့်နေမိသည်။ ဝလုံးလေးရဲ့ မျက်နာဟာရဲနေပြီး ပါးပြင်မှာ လက်ငါးချောင်းအရာ နူတ်ခမ်းကပေါက်​နေသည်။ လည်ပင်နဲ့ ရင်ဘက်တစ်ခုလုံး နီညိုရောင်အမှတ်တို့။

ငါ....ငါဘာလုပ်မိတာလဲ။ စဥ်းစားရင်း ညကပုံရိပ်တို့ တစ်ချက်တစ်ချက်ပေါ်လာခဲ့သည်။ ငါက ဝလုံးလေးကို ဒီလောက်ထိနာကျင်အောင်လုပ်မိတာလား။

"အားးးးး......

ပူခြစ်နေတဲ့ ကိုယ်လေးကို ဆွဲမလိုက်တော့ နာလို့ထင်သည် ညည်းသံလေးထွက်လာခဲ့သည်။

ကိုယ်လေးကိုရင်ခွဲထဲ ထည့်ကာဖတ်ထားမိသည်။

"တောင်းပန်ပါတယ် အီးးးဟီးးး ကိုကိုတောင်းပန်ပါတယ်..... ဟီးးးးး ကိုကို လူမဟုတ်ဘူး.....

ဝလုံးလေးကို ရင်ခွင်ထဲထည့်ကာ ရှိုက်ငိုနေမိသည်။ ကိုယ်မှားသွားပြီ ဘဝမှာ လုံးဝပြန်ပြင်လို့ မရတော့အောင်ကို မှားသွားပြီ။ကိုယ်တိုင်မသိလိုက် ကလေးတစ်ယောက်လို ဝလုံးလေးရှေ့ငိုနေမိသည်။

ဝလုံးလေးကိုယ်လုံးလေးကို ပွေ့ချီကာ ရေချိုးခန်းဘက်ထွက်လာခဲ့သည်။ ရင်ဘက်နဲ့လည်ပင်းမှာ ရှိတဲ့ သွေးစို့နေတဲ့ သွားကိုက်ရာတွေကို မြင်လေ ကိုယ့်ကိုယ်ကို သတ်ပြစ်ချင်မိသည်။

ရေဇလုံထဲရေစပ်ကာ အသာရေထဲနစ်လိုက်သည်။ ဝလုံးလေးကိုယ် ရေကြောင့် တွန့်သွားသည်။ ရေနဲ့ သူ့ကိုယ်လေးကို သန့်စင်ပေး​နေသည်။

အနမ်းခြွေမယ် ကလေး.......(Completed)Zaw&UniWhere stories live. Discover now