Part-21

22.5K 1.5K 31
                                    

အနမ်းခြွေမယ် ကလေး..........

အပိုင်း၂၁

မင်းမြတ်ခွန်း

ဧည့်ခန်းထဲမှာ ခပ်ကျုံကျုံထိုင်နေမိသည်။ကိုမင်းကတော့ ကားကိုခြံထဲ ထိုးပြီး သန့်စင်ခန်းဘက်သွားနေသည်။ ဝလုံးလေးက ဘာလို့အခုလောက်အသားဖြူတာ ခုမှသိတော့သည်။ သူ့အဖေကတရုတ်လူမျိုး စစ်စစ်ဖြစ်တာကြောင့် ဖြစ်မည်။

ဝလုံးလေးအမေကလည်း ပိန်ပိန်လှလှနဲ့အမျိုးသမီးတစ်ဥိး ဝလုံးလေးက အလှတွေ အပိုင်သိမ်းထားတာပဲ။

အန်တီတို့နဲ့စကားပြောတုံး သိချင်တာပေါ်လာတာကြောင့်

"ဟိုလေ ကျွန်တော့်က ဝလုံးလေး ချစ်သူဆိုတာက......

"အော် သားသွန်းကိုဝလုံးလို့ခေါ်တာလား.....သားသွန်းကပြောတယ် ကိုကိုဆိုတာက သူ့ချစ်သူတဲ့လေ.....

"ဗျာ.....

ဝလုံးကမျက်နာကြီးရဲကာ အောက်ငုံသွားသည်။ ဒါဆို ဝလုံးက သူ့ချစ်သူဆိုတာ ဟိုကောင်ကိုခန့်ကို ပြောတာမဟုတ်ပဲ ကျွန်တော့်ကိုပေါ့။ မင်းမြတ်ခွန်းမျက်နာကြီး မှိုရသလို ပြုံးဖီးနေသည်။

"မောင် ကလေးတွေ စကားအေးဆေးပြောပါစေ နန်းနွေးတို့ သွားရအောင်လေ......

ယောက်က္ခထီး တရုတ်ပါးပါးက သူ့သားကိုကြည့်လိုက် ကျွန်တော့်ကို ကြည်လိုက်နဲ့ ထွက်သွားတော့သည်။ ထိုစဥ်

"အိုးးးးး ဝေါအိုင့်နီ ဘေဘီလေး.......

ဝလုံးလေးကို အတင်းဖတ်ထားတဲ့ ထိုတရုတ်ကောင်ကို မျက်ထောက်နီနီဖြင့်စိုက်ကြည့်လိုက်မိသည်။

မင်လွန်း မိမိညီလေးကိုဖတ်ထားပေမယ့် ကျောချမ်းစရာ အခြေအနေတစ်ခုကရှေ့တင်မှာ မိမိအား ပေါက်ထွက်သွားမတတ်စိုက်ကြည့်သော ညီလေးရဲ့ကိုကိုဆိုသောလူကြောင့် အလိုက်တသိနဲ့ လွှတ်ပေးကာနောက်ဖေးဝင်လာရသည်။ ထိုလူက မိမိထက် လေး ငါးနှစ်ကြီးမည်ထင်သည်။

ထိုတရုတ်ကောင်ထွက်သွားမှ ဝလုံးလေးအနားကပ်ကာ

"ဝလုံးလေး အဲတရုတ်ကောင်က ဘယ်သူလဲ....

ဝလုံးလေးကျွန်တော့်အသံကျယ်သွားလို့ထင်သည်။ ကျွန်တော်ပါးစပ်ကိုပိတ်ကာ အသံတိုးတိုးပြောဖို့ အမူအယာလုပ်ပြကာ ပြန်လွှတ်​ပေး သည်။

အနမ်းခြွေမယ် ကလေး.......(Completed)Zaw&UniWhere stories live. Discover now