Extra-2

19.1K 1.2K 19
                                    

အနမ်း​ခြွေမယ် ကလေး........

Extra-2

မင်းမြတ်သွန်း

သားခွန်းနဲ့ အတန်းတည်းက ကလေးတစ်ယောက်နဲ့ ရန်ဖြစ်လို့ဆိုပြီး မိဘခေါ်တာကြောင့် အပြေးသွားကြည့်ရသည်။ စိတ်ကလည်းပူရင်ကတပူပူဖြင့် သားက၁၃နှစ်ပဲရှိသေးတယ် ရန်ဖြစ်တယ်ဆိုတဲ့ အကျင့်ကဘယ်ကများရလာတာပါလိမ့်။

ကျောင်းထဲရောက်တော့ ကျောင်းဆရာမကြီး ရုံးခန်းကို တန်းသွားရသည်။ အစိုးရကျောင်းဖြစ်သည်။ ကျောင်းဆရာမကြီး ဘေးနားမှာ အခြားကလေးရဲ့ မိဘတွေရောက်နေတာကြောင့် အနည်းငယ်စိုးရိမ်မိသည်။ အခြားမဟုတ် သားခွန်းကိုများ ဝိုင်းပြောနေကျမလားဆိုတဲ့ စိတ်တစ်ခုတည်းသာ။

"ဆရာမကြီး ကျွန်တော် မြတ်ခွန်းမာန်ရဲ့ အဖေပါ......

ကျွန်တော့်အသံကြားတော့ အခြားမိဘတွေနဲ့ဆရာမကြီးက ကျွန်တော့်ကိုကြည့်လာသည်။ သားခွန်းက လည်းကျွန်တော့်ကိုမရဲတရဲ ကြည့်လာသည်။

ဘုရားရေ သားလေးမျက်နာက ဒဏ်ရာတွေနဲ့ ပါလား။ သားရဲ့အသားကိုအမြန်သွားလိုက်ကာ ရင်ခွင်ထဲထည့်ထားလိုက်မိသည်။ ဟိုဘက်ကလေးကလည်း မျက်နာမှာဒဏ်ရာတွေနဲ့မို့ စိတ်ကိုလျော့လိုက်ရသည်။

"ကဲ မောင်ရင့်သားက ဟိုဘက်ကလေးကို ခုလိုပဲလုပ်လိုက်တယ်တဲ့ အဲကလေးရဲ့မိဘတွေက မကျေနပ်ကျဘူး.....

"တောင်းပန်ပါတယ် ဗျ.....

ကျွန်တော်လည်း ဆရာမကြီးကိုကာ ထိုကလေးမိဘကိုတောင်းပန်လိုက်မိသည်။ ထိုစဥ်ထိုကလေးရဲ့ အမေဖြစ်သူထင်သည်။

"ရှင့်သားက ကျွန်မသားကိုဒီလောက်ထိလုပ်တာ တောင်းပန်ရုံနဲ့ပြီမလားရှင့်.....

သားကိုကြည့်တော့ မျက်နာလေးငုံကာနေသည်။

"အမရယ် ကလေးချင်းဖြစ်တာပဲ ကျွန်တော့်သားလည်းခံရတာပဲလေ.....

"အမလေးတော် ပြောရက်လိုက်တာ ကြည့်ပါအုံး ဘယ်သူကပိုခံရလည်း......

ထိုမိန်းမပြောသလိုပင် ဟိုဘက်ကလေးက မျက်နာကမှာညိုမဲလို့။ သားကိုကြည့်တော့ လက်သီးလေးဆုတ်ပြီးခေါင်းငုံနေပြန်သည်။

အနမ်းခြွေမယ် ကလေး.......(Completed)Zaw&UniWhere stories live. Discover now