Part-18

21.2K 1.6K 100
                                    

အနမ်းခြွေမယ် ကလေး..........

အပိုင်း၁၈

မင်းမြတ်ခွန်း

ငယ်ရွယ်စဥ် အရွယ်က ကလေးငယ်လေး တစ်ယောက်ရဲ့ ပုံရိပ်လေးကို ငေးကြည့်နေမိသည်။ပါးဖောင်းဖောင်းနဲ့ နှနယ်လှတဲ့ ကလေးလေး။ ဖြူစင်လှသော အပြုံးကလေး တွေရှိနေသည်။

မိမိအား အရမ်းချစ်သော အရမ်းတွယ်တာတတ်သော ထိုကလေးငယ် ခုတော့ မိမိကို အမုန်းကြီး မုန်းနေလေပြီ။ကလေးငယ်လေး ရဲ့ ပုံရိပ်တို့ကို ငေးကြည့်ရင်း မျက်ရည်စတို့ ဖြစ်ပေါ်လာမိသည်။

တစ်ယောက်တည်းရှိသော အခန်းထဲ လူကြီးတစ်ယောက် ယောက်ကျားတစ်ယောက်အနေနဲ့ ထိန်းသိမ်းချုပ်တည်းထားသော သိမ်ငယ်မူ ဝမ်းနည်းတို့ကို ပြင်းစွာရှိုက်ငိုနေမိသည်။

အချိန်အတော်ကြာသည်ထိ ငိုရတာ ပင်ပန်းသွားသည်မို့ မေမေအခန်းရဲ့ အိပ်ရာလေးမှာ အိပ်စက်နေမိသည်။

အိပ်ရင်းအတွေးတို့ လွင့်မျောနေဆဲ။

မေမေဆုံးတုံးက ကျွန်တော် ငိုချင်မိသည်။
ငိုလည်းငိုခဲ့ရသည်။ ဆယ်တန်းဖြေထားပြီး လူ့လောက ကို စဝင်ရမယ့် အချိန်မှာ အားကိုးစရာ ပျောက်ရှသွားရသည်။

ငိုနေလို့ စိုစွတ်နေတဲ့ ပါးပြင်ကို လက်သေးသေးလေးတစ်ခုက ပွတ်သပ်ပေးနေကာ

"ခိုခို....ငိုနဲ့နော် ဝလုံးရှိတယ် တိတ်တိတ်.....

သုံးနှစ်အရွယ်ကလေးလေးရဲ့ နှစ်သိမ့်မူကြောင့် မျက်ရည်တို့တိတ်ခဲ့ရသည်။ ထိုအချိန်မှစပြီး ထိုကလေးရှေ့မှာ မငိုတော့။ အားလည်းမငယ်တော့ သူလေးရှေ့မှာ ကြံခိုင်ရမယ် ဆိုတဲ့ စိတ်နဲ့နေလာခဲ့ရသည်။

ခုတော့ သူလေးရှေ့မှာ မိမိဟာ လဲပြိုနေလေပြီ။

အိပ်ရာမှ ထလိုက်ကာ မျက်အိတ်တွေဖောင်းနေတဲ့ မျက်ဝန်းကို လက်နဲ့အသာပွတ်လိုက်သည်။ မေမေအခန်းထဲက ထွက်လာလိုက်သည်။

အချိန်ကို ကြည့်တော့ ည၈နာရီရှိနေပြီ ဖြစ်သည်။
လှေကားကနေအောက်ထပ်ကိုဆင်းလာသော မဝေ လက်ထဲမှာ လင်ဗန်းတစ်ခုနဲ့ ပန်းကန်အလွှတ်တစ်လုံးပါလာသည်။ထိုစဥ်မဝေက တိုးတိတ်သော အသံတစ်ခုဖြင့်

အနမ်းခြွေမယ် ကလေး.......(Completed)Zaw&UniWhere stories live. Discover now