2

11.4K 1.3K 35
                                    

Zawgyi

ရှောင်းကျန့် နဲ့ ကျိုးချန် ကျောင်းထဲဝင်လာတော့ ကျောင်းပေါက်ဝမှာ မိန်းကလေးတိုင်းကို လိုက်စနေတဲ့ ဝမ်ရီပေါ် က သူ့ သူငယ်ချင်း ကုရန်ကို ခနဲတေ့တေ့ကပ်ပြောတယ် ။

"ကုရန်.. တတိယနှစ်ကသူတွေ အရမ်းရုပ်ဆိုးတာကွ သိလား အင်း..မမ တွေတော့မဟုတ်ဘူး မင်းရှေ့ကအရပ်ကလန်ကလား နဲ့ ကလေးလိုလို ခွေးလိုလို လူတွေလေ မင်းသိပါတယ်"

ရှောင်းကျန့် သူ့ကိုပြောနေတာ သိတာမို့ ရီပေါ့် ရှေ့မှာ ရပ်လိုက်တယ် ။ ကျိုးချန်က ပြသာနာ မဖြစ်အောင် မျက်ရိပ်မျက်ကဲပြပြီး တားပေမဲ့လဲ ရှောင်းကျန့်ကတားမရ ။

ဝမ်ရီပေါ် နဲ့ ရှောင်းကျန့် ဆိုတာလေ အိမ်ကလဲဘေးချင်းကပ်ရပ် တစ်ယောက်မှာ တစ်ခုရရင် နောက်တစ်ယောက်က လိုက်ပြိုင် ။ တကယ့် မျက်နှာချင်းဆိုင်မရတဲ့ ၃ နဲ့ ၄။
အသက်ကလဲ 1နှစ်ဘဲကွာတယ် ။ ငယ်ငယ်လေးတည်းက မသင့်ကြတာ မိန်းမပြိုင်လုလို့များလား အောက်မေ့ရတယ် ။

ပြောရင်းဆိုရင်း နဲ့ ကြွက်နဲ့ကြောင်လိုမျိုး မျက်နှာချင်းဆိုင်နေကြပြီ ။

"ဒီမှာ ဝမ်ရီပေါ် မင်းကဘယ်သူ့ကိုပြောနေတာလဲ? "

ဝမ်ရီပေါ်က အရှေ့အနောက်တစ်ချက်ဝေ့ကြည့်ပြီးမှ ရှောင်းကျန့်ကို ကြည့်ကာ..

"ခများကိုလို့ထင်တာဘဲ"

"ဘာ!!!!"

"ကျစ်..စွတ်အော်ရလား တံတွေးတွေစင်တယ်ဗျ"

"မင်း! မဟုတ်တာတွေ !! ဒီမှာ ငါကမင်းထက်ပိုချောလို့ မနာလိုနေတာမလား? သိပါတယ် မနာလိုလုံးဆို့နေတာတွေ မင်းမျက်နှာမှာ ပေါ်နေတယ် ဝမ်ရီပေါ် "

ရှောင်းကျန့်က ပြောတော့ ရီပေါ် ရှောင်းကျန့်ကိုကြည့်တယ် ပြီးတော့သူ့ သူငယ်ချင်း ကုရန်ကိုကြည့်တယ် ။ မျက်နှာပုံစံက လုံးဝလှောင်ပြောင်နေတဲ့ အခွက်ကြီး ။

"ခများကို ကျုပ်ကမနာလိုနေတာ ဟား..ဟား..မှန်မကြည့်တတ်ဘူးလား ဘယ်နားကကျုပ်ထက်ပိုချောတာလဲ မျက်ခုံးနှစ်ဖက်ကလဲ ပေါက်ဖတ်ကတ်နေသလို နှုတ်သီးကလဲ ငှက်တွေလိုချွန်နေသေးတယ် မျက်လုံးနှစ်လုံးကလဲ ပြူးသေး နှုတ်ခမ်းအောက်ကဘာလဲ မှဲ့လား အမှိုက်လား အနာဖတ်လား တစ်ခုကပါသေးတယ် သွားကလဲ ကြွက်တွေလို ရှေ့ကခေါထွက်နေသေး ခွီး..ဒီရုပ်ကြီးလား ကျုပ်ထပ်ချောတာ ဟား.."

Only One (completed)Where stories live. Discover now