16

9K 1K 7
                                    

Zawgyi

ရီပေါ်အိပ်နေတာကို ရင်ခွင်ထဲက ရှောင်းကျန့်ဟာ ငြိမ်ငြိမ်မနေဘဲ ရီပေါ့်ရဲ့ ပါးလေးကိုတို့လိုက် ၊ နှုတ်ခမ်းလေးကိုထိလိုက်နဲ့ အလုပ်ရှုပ်နေသည် ။

ရီပေါ်က မျက်လုံးတွေမဖွင့်ဘဲ သူ့ကိုထိတို့နေတဲ့ရှောင်းကျန့်ရဲ့ လက်ကိုဆွဲယူကာ ပြွတ်စ်ခနဲနမ်းလိုက်ပြီး ရှောင်းကျန့်ကို တင်းနေအောင် ဖက်ထားလိုက်သည် ။

"နိုးနေတာကြာပြီလား?"

"ဟင်အင့် ကြာသေးဘူး"

ရှောင်းကျန့်စကားကြောင့် ရီပေါ်ဟာ ပြုံးလိုက်ပြီး မျက်လုံးဖွင့်ကြည့်တော့ သူ့ကိုပြုံးပြီးကြည့်နေတဲ့ ရှောင်းကျန့် ။

"ကျောင်းသွားရအုံးမယ်မလား? ထရအောင်နော်"

"အွင်း"

ရီပေါ်ကအရင်ထတော့ ရှောင်းကျန့်က လက်နှစ်ဖက်ကို မြှောက်ပြသည် ။ သူ့ကိုချီပါဆိုတဲ့ သဘော ။

အသက်ကြီးပေမဲ့ အစကတည်းက ကလေးစိတ်မပျောက်ဘဲ ဆိုးနေ ချွဲနေတဲ့ ရှောင်းကျန့်အကြောင်းကို သိသည်မို့ သူကဘဲ ရှောင်းကျန့်သဘောကျ အလိုလိုက်ပေးသည် ။

ရှောင်းကျန့်ကို ချီကာ ရေချိုးခန်းထဲ ဝင်ပြီး မျက်နှာသစ်သွားတိုက်ခြင်းကို တူတူလုပ်ဆောင်သည် ။

ကလေးဆန်တဲ့ ရှောင်းကျန့်က သူ့ရဲ့ သွားတိုက်တံပန်းရောင်လေးနဲ့ ရီပေါ့်ရဲ့ အပြာရောင်သွားတိုက်တံလေးနှစ်ခုကို
ထိလိုက်သည် ။

"ကလေးတွေ နမ်းနေတာ"

သူ့ဘာသာလုပ်ပြပြီး သဘောကျကာ တခိခိရယ်နေတဲ့ ရှောင်းကျန့်ရဲ့ ဆံပင်တွေကို ရီပေါ်ဖွလိုက်သည် ။

ရီပေါ့်ရဲ့ မရှိတဲ့ နှုတ်ခမ်းမွေးငုတ်စိလေးတွေကို ရှောင်းကျန့်ကရိုက်ပေးတာကြောင့် ငြိမ်နေလိုက်သည် ။ ဘေစင်ပေါ်မှာ ထိုင်ပြီး မျက်နှာကိုသန့်ရှင်းပေးနေတဲ့ ရှောင်းကျန့်ခါးကို ရီပေါ်က ဖက်ထားလျှက် ။

သန့်ရှင်းပြီးတော့ ရှောင်းကျန့်က ရီပေါ့်ရဲ့ နှုတ်ခမ်းကို တစ်ချက်ဖိကပ်နမ်းလိုက်သည် ။ တစ်ချက်တည်းနဲ့ မတင်းတိမ်တဲ့ ရီပေါ်ဟာ သိပ်သည်းတဲ့ အနမ်းတွေကို ဖန်တီးသည်။

Only One (completed)Where stories live. Discover now