အိပ်ယာက နိုးလာရင်လဲ သူနဲ့လိုက်မှာ မဟုတ်တာကြောင့်
ရီပေါ် တစ်ယောက်တည်းဘဲ ကျောင်းကိုထွက်လာခဲ့လိုက်သည် ။"ပြုံးဖြီးနေတာဘဲ ရှောင်းကျန့်ကောနဲ့ ငြိမ်းချမ်းရေး ရလာလို့လား "
ကုရန်ကမေးလာတာမို့ ရီပေါ်မှာ ခေါင်းသာခါပြလိုက်သည် ။
"မဟုတ်ပါဘူး မနေ့က မဆိုစလောက်လေး အဆင်ပြေလို့ပါ "
ကုရန်ကို မသိစေချင်လို့သာ မဆိုစလောက်လေးဟု ပြောလိုက်သော်လည်း မနေ့ညက ကိစ္စကြောင့် ကမ္ဘာပျက်မတတ်ပျော်နေခဲ့တာလဲ သူဘဲလေ ။
ရှောင်းကျန့် နှုတ်ခမ်းတွေ အရမ်းချိုတယ်ဆိုတာ သူသိလိုက်ရတယ်လေ ။
---------
ရှောင်းကျန့် အိပ်ရာကနိုးလာတော့ ဟိုတစ်ယောက်ကို မတွေ့တာမို့ နည်းနည်းအလိုမကျသလို ဖြစ်သွားမိသည် ။
ရေမိုးချိုး အဝတ်စားလဲကာ ကျောင်းသွားဖို့ပြင်ဆင်ပြီး အောက်ထပ်ကို ဆင်းလာခဲ့တော့လဲ မတွေ့သောကြောင့် မီးဖိုရှောင်ထဲမှာ ချက်ပြုတ်နေတဲ့ အဒေါ့်ကို မေးကြည့်လိုက်မိသည် ။
"အဒေါ် "
ရှောင်းကျန့် ခေါ်လိုက်တော့ ဟင်းအိုးကို အရသာမြည်းနေတဲ့ အဒေါ်က လှည့်ကြည့်လာသည်။
"သားငယ်လေး ကျောင်းသွားတော့မလို့လား"
"ဟုတ် ဒါနဲ့ ဟိုတစ်ယောက်ကော"
"ဝမ်လေးကအစောကြီးထဲက သွားပြီ သားငယ်ကို နိုးမသွားဘူးလား?"
"ဟင်အင့်"
"အော် အဒေါ်က နိုးသွားတယ် ထင်နေတာ"
"နိုးမသွားဘူး နိုးစရာအကြောင်းလဲ ရှိမှမရှိတာ သူက သားကို ဒီလောက်မုန်းနေတာကို"
"မဟုတ်တာ ဝမ်လေးက သားငယ်ကို ချစ်ပါတယ် "
"အဒေါ်မသိလို့ပါ သူကသားကို အရမ်းမုန်းနေတာ"
သူထွက်လာတော့ အဒေါ်သက်ပြင်းချတဲ့ အသံကို ကြားလိုက်ရသေးသည် ။
ဒါဘဲလေ ဝမ်ရီပေါ်ဆိုတဲ့လူက သူ့အပြစ်နဲ့မို့သာ ကောင်းချင်ယောင် ဆောင်နေတာပါ ။