10

9.2K 1.1K 29
                                    

"ရီပေါ် အဲ့တာ ဘာကြီးလဲ? "

"ငါဒီနေ့ ရှောင်းကျန့်ကိုဖွင့်ပြောတော့မှာ အဲ့ဒါ သူ့ကိုလက်ဆောင်ပေးမလို့ "

"ဒီလောက်ကြီးတဲ့ အရုပ်ကိုလေ"

"အင်း"

ဘုရားရေ! ! လိုင်းပေါ်မှာတင်တဲ့ အရုပ်တွေအကြီးကြီးမျိုး မိန်းကလေးတွေ လိုချင်ရင် သူတို့ရဲ့ ဘဲကြီးတွေဆီမှာ ပူဆာတတ်တဲ့ အရုပ်ကြီး ဝက်ဝံရုပ် ။ အဲ့အရုပ်ပေါ်မှာ ရှောင်းကျန့်တောင် တက်အိပ်လို့ရတယ် ။

အဲ့ဒါကြောင့် မနက်ကတည်းက သူ့အချစ်တော် ဆိုင်ကယ်ကိုပစ်ပြီး ဝယ်စရာရှိလို့ဆိုပြီး ကားကြီးနဲ့ထွက်သွားတာကိုး ။

ဝမ်ရီပေါ်တို့ ချစ်တတ်မှုကြီး တစ်သိန်းခြောက်သောင်း!

"အရင်ဆုံး သူ့ကိုသွားခေါ်မယ် ငါ ပန်းဆိုင်တစ်ဆိုင်မှာ ချစ်ခွင့်ပန်ဖို့ဆိုပြီး ငှားထားခဲ့တယ် သူတို့က ရတယ်တဲ့ မင်းက အဲ့အရုပ်ကိုယူပြီး ဆိုင်မှာသွားစောင့်နေ ငါလိပ်စာပေးမယ် "

"ဝမ်ရီပေါ် မင်းချစ်တတ်မှုကိုတော့ ငါလေးစားသွားပြီ "

"ချစ်တာကိုး ဒီလောက်တော့ လုပ်ပေးရမှာပေါ့ ..ကဲပါကွာ စကားများတယ် သွားတော့ ငါအရမ်းစိတ်လှုပ်ရှားနေတာ"

"ဟေ့ကောင် စိတ်အေးအေးထားစမ်းပါ သွားခေါ်ရင်လဲ သေချာ ချော့မော့ပြီးခေါ် ဟိုကလဲ စပ်စပ်ထိမခံ တစ်ခုခုမှားရင် မင်းဘဲ ခံစားရမှာနော် "

"အေးပါကွာ "

"ဒါဆိုငါသွားပြီ"

"အေး"

အရုပ်ကြီးကို မနိုင်မနင်းသယ်ကာ ထွက်သွားတဲ့ကုရန် ။

ရီပေါ်ကတော့ သူ့ဆိုင်ကယ်ကိုစီးကာ ရှောင်းကျန့်ကို သွားခေါ်ရန် ထွက်သွားလေသည် ။

--------

"ရှောင်းကျန့် သူ့နာမည်က တိုကီတဲ့"

"ချစ်စရာလေး ကျင်းကော်လေးနဲ့တူတယ် ခြေထောက်တိုတိုလေးရယ် "

"ဟုတ်တယ် အစားက အသေစားတာနော် ကိုယ်ဆိုအားတာနဲ့ အစာကျွေးနေရပြီ လူနားအရမ်းကပ်တာ "

"သမီးလေးလဲ အဲ့လိုဘဲ လူနားအရမ်းကပ်တာ "

"တိုကီလေးနဲ့ ပေးစားရအောင်"

Only One (completed)Where stories live. Discover now