"ထမင်းလေးတော့ စားလိုက်ပါလား သားရယ်"
အစားလဲမစားဘဲစောင်ခြုံထဲမှာ တရှုံရှုံနဲ့ ငိုနေတဲ့ ရှောင်းကျန့်ကြောင့် မိဘတွေမှာလဲ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ။
အဲ့ကြောင်လေးကို သူ့သားဘယ်လောက်ထိချစ်တယ်ဆိုတာကို အိမ်ကလူတွေလဲ အကုန်သိတာမို့ မငိုပါနဲ့လို့လဲ မပြောချင်ဘူး ဒါပေမဲ့ ပေတေပြီး ဘာမှမစားမသောက်နေနေတော့ လူပါတစ်ခုခုဖြစ်သွားမှာ စိုးရိမ်ရတယ် ။
"ကလေးထပါကွယ် သားသားဘာစားချင်လဲ မေမေလုပ်ပေးမယ်လေ "
"..."
"ကျန့်ကျန့် ဖေဖေ မင်းအစ်မဆီကနေ ကြောင်လေးတစ်ကောင်မှာထားတယ် ခြေထောက်တိုတိုလေးနဲ့လေ ထပြီးအစားလေးတော့ စားပါအုံး "
"..."
အဖေချော့လဲ မရ အမေချော့လဲ မရ တဲ့သားကြောင့် မိဘတွေမှာလဲ ဘယ်လိုမှစိတ်မချမ်းသာနိုင်တော့ ။
---------
"ဝမ်ရီပေါ် သေချင်လို့ အဲ့လိုနေနေတာလား?"
"အေး သေချင်လို့!"
"ကျစ်..ဒီကောင်ကတော့ မင်းအမေဘယ်လောက်တောင်မှ စိတ်ညစ်နေရလဲ ထမင်းလဲမစား အခန်းထဲကလဲမထွက်ဘဲ ဘာလို့ ဒီလို စိတ္တဇလူတွေလို နေနေရတာလဲ "
"သူ..ငါ့ကိုမုန်းသွားပြီ"
"ငါဘဲ သေချင်လာပြီကွာ မင်းတို့ကြားမှာ"
ချစ်ခွင့်ပန်ဖို့သွားတဲ့နေ့မှာမှ ချစ်ရတဲ့လူဆီက သူ့ကိုမုန်းနေပါတယ်ဆိုပြီး အထင်လွဲခံရရုံမက ဟိုကလဲ မုန်းတယ်လို့ပါပြောလိုက်သေးတယ်။
ဘယ်လို ကံတရား ပါလိမ့်။
-----------
"ဝမ်ရီပေါ် နဲ့ ရှောင်းကျန့်ကို လက်ထပ်ပေးမယ်"
ဆိုတဲ့ မိဘတွေရဲ့စကားကြောင့် ဝမ်ရီပေါ် ပျော်သွားရတယ် ဒါပေမဲ့ ပျော်တဲ့အပျော်က ကြာကြာမခံလိုက် ။
ရှောင်းကျန့်ကရော သူ့ကိုလက်ခံပါ့မလားဆိုတဲ့အတွေးက ပေါ်လာရတယ် ။ ဘယ်လိုဘဲ ဖြစ်ဖြစ် သူကျေနပ်တဲ့အထိ တောင်းပန်ပြီးပေးဆပ်ကာ အနားမှာနေပေးမယ်ဆိုပြီး ဆုံးဖြတ်ချက်ချထားတာမို့ ဝမ်ရီပေါ် လက်ထပ်ပွဲကိုလက်ခံလိုက်တယ် ။