ဈေးရောင်းပွဲတော်ပြီးတော့ ကျိုးချန်ကအရင်ပြန်သွားတယ်။ ရှောင်းကျန့်ကတော့ အိမ်ကလာကြိုမဲ့ကားကိုစောင့်နေတယ် ။
ရှောင်းကျန့်နဲ့ မနီးမဝေးမှာ ဆိုင်ကယ်နှစ်စီး ။ ဆိုင်ကယ်ပေါ်ကလူတွေကတော့ ပြောစရာမလို အရိုင်းကောင်နဲ့ ကုရန်။ ရှောင်းကျန့် အနှီးနှစ်ကောင်ကိုကြည့်ကာ မျက်နှာမဲ့ပစ်လိုက်တယ် ။
ကုရန်ကိုတော့ သိပ်အမြင်မကြည်တဲ့ထဲမပါ ။ ကုရန်ကသူ့ကို စမှ မစတာ ။ မစရရင် မနေနိုင်တဲ့ အကောင်ကဟိုအရိုင်းကောင် ။ တစ်စကလေးမှကို ကြည့်မရဘူး ။
ရှောင်းကျန့်အတွေးလွန်နေတုန်း ဖုန်းလာတာမို့ သူ့လွယ်အိတ်ထဲက ဖုန်းထုတ်ကာကိုင်လိုက်တယ် ။
"မေမေ"
" ..."
"ဒါဆို သားကိုယ့်ဘာသာဘဲ ပြန်လာရတော့မှာပေါ့ မေမေကကြိုပြောတာမဟုတ်ဘူး အဲ့လိုမှန်းသိရင် ကျိုးချန်ကို လိုက်ပို့ခိုင်းပါတယ် "
"..."
"ဟာ..မလိုက်ပါဘူး ကိုယ့်ဘာသာဘဲပြန်လာမှာ မဟုတ်ရင် တစ်လမ်းလုံးသတ်လာရလိမ့်မယ်"
"..."
"ဟယ်လို..မေမေ."
အိမ်ကလာမကြိုနိုင်ဘူး ဝမ်လေးကို ဖုန်းဆက်ထားတယ် မင်းကိုပါခေါ်ခဲ့ဖို့ ဆိုပြီးဖုန်းချသွားတဲ့ သူ့အမေ ။ ဘယ်လိုလုပ်ပြီး အဲ့အရိုင်းကောင်နဲ့ လာရမှာလဲ ကိုယ့်ဘာကိုပြန်နိုင်တယ် ။
ရှောင်းကျန့်ရပ်နေရာကထွက်သွားတော့ သူ့ရှေ့ကလာပိတ်ရပ်တဲ့ ဆိုင်ကယ် ။
"တက်"
"..."
ရှောင်းကျန့်ဘာမှ ပြန်မပြောဘဲ ရီပေါ့်ကို တစ်ချက်ကြည့်ကာ ထွက်သွားတယ် ။ ရီပေါ် နောက်ကနေလိုက်ပြီး ပိတ်ရပ်လိုက်ပြန်တယ် ။
"တက်လို့ပြောနေတယ် ကျောင်းမှာလူတစ်ယောက်မှမရှိတော့ဘူး ဘာလို့ခေါင်းမာနေတာလဲ"
"မင်းနောက်ကမလိုက်နိုင်ဘူး"
"ကျစ်..ကျုပ်ကလဲမခေါ်ချင်ပါဘူး အန်တီဖုန်းဆက်လို့သာခေါ်ရတာ ဒီအနီးအနားကအကြောင်းကိုခများမသိဘူးလား တစ်ယောက်သွားဖို့သတ္တိရှိနေတယ် တစ်စစီဖြစ်သွားချင်လား!"