3

9.9K 1.2K 35
                                    

Zawgyi

လုံးဝမကျေနပ်ဘူး ရှောင်းကျန့် ။ ခများ ချွန်တွန်း လုပ်လိုက်တာကြောင့် မေမေ့ဆီမှာ နှစ်ချက်အရိုက်ခံလိုက်ရတယ် ။ နားရွက်ကိုလဲ အလိမ်ခံရတာ အခုထိနာတာမပျောက်သေးဘူး ။ ခများကတော့ တော်တော်ပျော်နေမှာပေါ့ ။

ဘာတဲ့ နှာဘူးဆိုပြီး နာမည်ကြီးနေတယ် ။ငါကလေ ဝမ်ရီပေါ်ဆိုတဲ့ ငါက နှာဘူးဆိုပြီးနာမည်ကြီးတယ်ပေါ့ဟုတ်လား။

မနက်ဖြန် ပျော်နိုင်အုံးမလား ကြည့်ကြတာပေါ့ ရှောင်းကျန့် ။ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်ဆိုတာ ခများသိရင်ကောင်းမယ် ။

ကုတင်ပေါ်ထိုင်ပြီး ရှောင်းကျန့်ကို ပြန်လက်စားချေမဲ့ အကြောင်းကိုစဉ်းစားနေလိုက်တယ် ။

---------

ရှောင်းကျန့်တစ်ယောက်ကတော့ ပျော်လွန်းလို့ ထခုန်မတတ်ဘဲ ။

ပျော်လိုက်တာ! ! ပျော်လိုက်တာ! !

အဆူခံနေရမယ့် နှာဘူးကြီးရဲ့ ရုပ်ကိုတွေးပြီး ရီနေတာ ပါးတွေတောင် ညောင်းနေပြီ ။ သူတစ်ရက်လုံး ရီနေလွန်းလို့ အိမ်ကလူတွေတောင် ကြည့်ပြီး ဘာဖြစ်နေတာလဲတဲ့ ။

ဘာဖြစ်နေတာလဲဆိုတော့ သူပျော်နေတာ အရမ်းပျော်နေတာ ဒီနေ့ဝမ်ရီပေါ်ဆိုတဲ့ အရိုင်းကောင်ကို အနိုင်ရလိုက်လို့ ။ စိတ်ကူးထဲမှာ သူ နဲ့ ဝမ်ရီပေါ်နဲ့ ဖိုက်နေတဲ့ပုံ..

ရှောင်းကျန့် vs ဝမ်ရီပေါ်

1             :       0

-------------

ကျိုးချန်က ဒီနေ့ကျောင်းမလာဘူး ဆိုလို့ သူတစ်ယောက်ထဲ ကျောင်းကိုလာခဲ့ရတယ် ။ ရောက်ရောက်ချင်း တွေ့လိုက်ရတာက မုန့်ထုတ်တွေတပွေ့တပိုက်နဲ့ သူ့ကိုလာပိုးတဲ့ ပထမနှစ်က ရှင်းရှင်း ။

အဲ့ကလေးမက သူ့ကို မုန့်ကျွေးရင်ကြိုက်မယ်များထင်နေလားမသိ ။ မုန့်တွေကျွေးပြီး သူ့ကိုချည်းကပ်နေတာ ။ ဒါမဲ့ ရှင်းရှင်းကိုတော့ ညီမလေးတစ်ယောက်လို ခင်တာမို့ ပြုံးဘဲပြနေလိုက်တယ် ။

"ကော"

ရှောင်းကျန့်တွေ့တော့ အသံစူးစူးလေးနဲ့ လှမ်းခေါ်တယ် ။

Only One (completed)Where stories live. Discover now