12

8.1K 1K 9
                                    

ညစာကို နည်းနည်းလေးဘဲ စားပြီး အပေါ်တက်သွားတဲ့ရှောင်းကျန့်ကြောင့် ရီပေါ်မှာလဲ စားလက်စကိုရပ်ကာ နောက်ကလိုက်သွားရသည် ။

တံခါးဖွင့်မလို့ ပြင်ပြီးမှ နေ့လည်က ဝယ်လာတဲ့ ခြေကျင်းလေးကို အတွက်ပေါ်လာတော့ ဘောင်းဘီအိပ်ကတ်ထဲက ကတ္တီပါဘူးလေးကိုထုတ်ကာ အခန်းထဲဝင်သွားတော့ ရှောင်းကျန့်က အိပ်နှင့်နေပြီ။

ရီပေါ်ကုတင်ပေါ်မှာ ဘေးတစောင်းထိုင်လိုက်ပြီး ရှောင်းကျန့် ဆံပင်လေးကို သပ်တင်ပေးကာ နဖူးကို ဖွဖွလေးနမ်းလိုက်သည် ။

"အရမ်းချစ်တယ် ရှောင်းကျန့် "

ကတ္တီပါဘူးလေးထဲက ခြေကျင်းလေးကို ထုတ်ကာ ရှောင်းကျန့် ညာဖက်ခြေလေးမှာဝတ်ပေးနေတော့သည် ။ ခြေထောက်က ယားကျိကျိနဲ့ ဖြစ်နေတာမို့ ရှောင်းကျန့်နိုးလာတော့ ရီပေါ့်ကိုတွေ့တာမို့ တွန်းထုတ်ပစ်လိုက်တော့ ရီပေါ် ကုတင်အောက်ကို ပြုတ်ကျသွားရသည် ။

"မင်းဘာလုပ်နေတာလဲ!?"

"ဟို.. ကိုယ်ဘာမှမလုပ်ပါဘူး ခြေကျင်းလေးဝတ်ပေးနေတာပါ"

ရီပေါ်ပြောမှ ရှောင်းကျန့် သူ့ခြေထောက်ကို ကြည့်မိတော့ Yဆိုတဲ့ စားလုံးလေးနဲ့ တဖိတ်ဖိတ်တောက်နေတဲ့ ခြေကျင်းလေးတစ်ခု ရှိနေသည် ။

"ဘာအတွက်လဲ ငါ့သမီးအတွက် လျှော်ကြေးပေးတာလား?"

"မဟုတ်ဘူး ရှောင်းကျန့် ကိုယ်က ဒီတိုင်းလက်ဆောင်ပေးတာပါ "

"မလိုချင်ဘူး ထွက်သွား!!!"

ရှောင်းကျန့်က ခြေကျင်းလေးကို ဆွဲဖြုတ်ပြီး လွင့်ပစ်လိုက်သည် ။

ရီပေါ်လဲ သက်ပြင်းတစ်ချက် ချရင်းသာအခန်းထဲက ထွက်သွားလိုက်သည် ။

ရီပေါ်ထွက်သွားတာ သေချာမှ ရှောင်းကျန့် ကုတင်ပေါ်က ဆင်းကာ တံခါးထောင့်နားလေးမှာ ကျနေတဲ့ ပြတ်ထွက်သွားတဲ့ ခြေကျင်းလေးကို ကောက်ယူလိုက်သည် ။

"အရူးကောင်!"

------------------

ကျောင်းသွားဖို့ ပြင်နေတုန်း ရှောင်းကျန့်က သူ့ရှေ့ကအရင်ထွက်သွားပြီး အိမ်ရှေ့ကို ရောက်နေတဲ့ ကားပေါ်ကို တက်သွားသည် ။

Only One (completed)Where stories live. Discover now