14

8.6K 1K 14
                                    

Zawgyi

ညည့်လယ်လောက်မှာ မိုးကတအားရွာချလာသည် ။ ရီပေါ်
ရေသောက်ချင်လာသောကြောင့် မထချင်ထချင်နှင့် ထလာကာ ရှောင်းကျန့် ကုတင်ဘေးက စားပွဲပေါ်မှာ တင်ထားတဲ့ ရေကရားထဲက ရေကိုဖန်ခွက်ထဲထည့်ပြီး တကွပ်ကွပ်နဲ့ မော့သောက်လိုက်သည် ။

ဆိုဖာပေါ် သွားမလို့ပြင်ပြီးမှ ညည်းသံသဲ့သဲ့လေးကြားတာကြောင့် ကုတင်နားကပ်သွားကာ ရှောင်းကျန့်ကိုကြည့်မိတော့ စောင်ခြုံထဲမှာ ကွေးကွေးလေး အိပ်ပြီး ညည်းနေတာ။

ရီပေါ် ကုတင်ပေါ်တစောင်းထိုင်လိုက်ရင်း ရှောင်းကျန့်နဖူးကို စမ်းကြည့်တော့ ပူကျစ်နေသည် ။

ဖျားနေတာဘဲ!!

ခုနားက မထဘဲ အိပ်ချင်နေတဲ့ စိတ်တွေက ကြက်ပျောက် ငှက်ပျောက်!!

ရီပေါ် ရှောင်းကျန့်ကို ရေဝတ်တိုက်ပေးဖို့ ဇလုံတစ်လုံးထဲ ရေထည့်ကာ ရေခဲသေတ္တာထဲရဲ့ ရေခဲကတ်ထဲကရေခဲတုံးလေး သုံးလေးတုံးလောက်ယူပြီး ဇလုံထဲထည့်လိုက်ပြီး အဝတ်စလေးတစ်ခုယူကာ ကုတင်ဆီလျှောက်လာလိုက်သည် ။

အဝတ်စကို ဇလုံထဲထည့်ကာ ရေနှစ်လိုက်ပြီး သေချာညစ်ကာ မျက်နှာလည်ပင်း ၊ လက်တွေ အကုန်ရေဝတ်တိုက်ပေးလိုက်ပြီး အင်္ကျီကြယ်သီးဖြုတ်ကာ ခန္ဓာကိုယ်အနှံ့ အပူကျအောင် ရေဝတ်တိုက်ပေးလိုက်သည် ။

ညဝတ်အင်္ကျီလက်ရှည်ပါးပါးလေးတစ်စုံဝတ်ပေးလိုက်ပြီး စောင်ကိုသေချာ ခြုံပေးလိုက်သည် ။ ပြီးမှ ရေဝတ်တိုက်ပေးထားတဲ့ အဝတ်စ ဇလုံတွေကိုယူကာ မီးဖိုရှောင်ထဲ ဝင်
လာခဲ့သည် ။

ဆန်ပြုတ်အနည်းငယ်ပြုတ်ကာ ကျွေးပြီး ဆေးတိုက်ရမည်။

ကြွေပန်းကန်လုံးထဲ ဆန်ပြုတ်ထည့်ကာ ရှောင်းကျန့်ဆီ သွားရသည် ။ ကုတင်ပေါ် ဆန်ပြုတ်ခွက်ကိုတင်ပြီး ရှောင်း
ကျန့်ကို နိုးရသည် ။

"ရှောင်းကျန့်! ရှောင်းကျန့်! ထအုံး"

ရှောင်းကျန့် က ခန္ဓာကိုယ်လေးကို ကျုံ့နိုင်သမျှ ကျုံ့သွားသည် ။

"ရှောင်းကျန့်! ထအုံး ဆန်ပြုတ်နည်းနည်းစားပြီး ဆေးသောက်ရအောင်နော် "

Only One (completed)Where stories live. Discover now