Junhan အိပ်ရင်းလမ်းလျှောက်နေသူတစ်ယောက်လို
hannie အနားသို့တိုးလျှောက်သွားမိသည်။
ရွှေအိုရောင်ဆံပင်လေးများရစ်ခွေနေလျက် မျက်နှာဖြူဖျော့
ဖျော့ဖြစ်နေသည်မှလွဲ၍ hannie ပုံစံကဘာမှမထူးခြားပါ။ထူးခြားတာဆိုလို့ မျက်ဝန်းထောင့်မှာစီးကျနေသည့်
မသွေ့ခြောက်ဘဲကျန်နေသေးသည့် မျက်ရည်များသာ
ရှိသည်...။"သား...Sehun Sehun ရော သားလေးကသူ့ကို
မျှော်နေတာ သူ့အသံကြားရင်သတိလည်လာနိုင်တယ်
Sehun ဘယ်မှာလဲ?"သူရောက်ရောက်ချင်း အန်ကယ်ကမျှော်လင့်တကြီးဆီးကြို
မေးခဲ့သည်။ ဒီလိုဖြစ်မယ်ဆိုတာ သူသိပါသည်။
hannie နဲ့ပတ်သက်ရင်အစစအရာရာသိနေလွန်းလို့လည်း
ဖေဖေနဲ့ဖြစ်တဲ့ကိစ္စနောက်ပိုင်း hannie ဖေဖေ့ကိုပဲ
ချစ်နေတာ သူသိခဲ့သည်။ဖေဖေလုပ်ရက်တယ်လို့တွင်တွင်စိတ်နာရင်း hannie
အချစ်ကိုရသွားလို့ ဒေါသတကြီးမနာလိုဖြစ်မိသေးသည်။
hannieရယ်...မင်းဘာကိုပဲလိုချင်ပါစေ ကိုကိုကဖြစ်အောင်လုပ်ပေးခဲ့တဲ့လူပါ။ဒီတစ်ခါလေးပဲ လောဘကြီးခဲ့မိတာပါ။
အဲ့ဒါလည်း hannie ကိုသိပ်ချစ်လွန်းလို့ပါ...။
နောင်တနှင့်အတူ သူ hannie မျက်ရည်လေးတွေကို
လက်မနဲ့ခပ်ဖွဖွ သုတ်ပေးမိသည်။သူမြတ်နိုးသော ဆံပင်လေးများအားလည်းကောင်း
လိုအင်မပြည့်တိုင်း အမြဲနှုတ်ခမ်းစူစိတ်ကောက်တတ်သော
နှုတ်ခမ်းထွေးထွေးလေးကို လည်းကောင်း...
မှိတ်ထားသည့် မျက်တောင်ရှည်များနှင့် နှာတံစင်းစင်းလေး
ထိငေးကြည့်မိသည်.....။ဘယ်သူမှ စကားမပြောမိကြသည့်တစ်ခန်းလုံးအပ်ကျသံမျှ
မကြားရအောင် ငြိမ်သက်လွန်းလှကာ ရှိုက်သံတွေသည်သာ
ကြီးစိုးနေ၏ထိုစဉ်....။
ဒိန်း....ဂျိမ်း...ဂျိမ်း..
အခြောက်တိုက်ထခြိမ်းသည့် မိုးခြိမ်းသံနှင့်အတူ
မိုးရေစက်များ ဆေးရုံမှန်ပြတင်းဆီတဖြောဖြောပက်ဖျန်းလာ
ကြ၏