အပိုင်း [ ၁၉ ]

91.9K 10.4K 861
                                    

မိုင်မိုင်းက သူ့ကို ပြုံးပြသည်။

ကြိုဆိုသည့်အပြုံး။

မထင်မှတ်ဘဲ သူ့ကို တွေ့လိုက်ရလို့ ပျော်ရွှင်နေသည့် အပြုံး။

သူ မိုင်မိုင်းကို သိလာသော သည်ကာလတစ်လျှောက်လုံးမှာ မိုင်မိုင်း ထိုကဲ့သို့ တောက်တောက်ပပပြုံးတာမျိုးကို မြတ်သောမာန် ပထမဆုံး မြင်ဖူးခြင်းပင်။

အဖြူရောင် Shirt အင်္ကျီနှင့်နီညိုရောင် ကွက်စိပ် ပုဆိုးကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသော မိုင်မိုင်းက ဆယ်ကျော်သက်အရွယ် ယောက်ျားပျိုတစ်ဦးပီပီ ခံ့ညားလျက်ရှိပြီး

သူ ရပ်နေရာ ချယ်ရီပင်အောက်ဆီသို့ ခပ်သွက်သွက် လျှောက်လာသည့် မိုင်မိုင်းရဲ့ ခြေလှမ်းတိုင်းမှာလည်း အညိုရောင် ကတ္တီပါဖိနပ်လေးက လိုက်ဖက်ညီစွာ။

"ဦးမြတ်သော...ဘယ်တုန်းက ရောက်တာလဲဗျ"

"အစောလေးကမှပါ...အစ်မမြရီက မင်း ပြန်ရောက်ချိန်နီးပြီဆိုလို့ လမ်းထိပ်ကို ထွက်မျှော်နေခဲ့တာ"

သူတို့နှစ်ယောက် ချယ်ရီပင်အောက်ကနေ အိမ်ဘက်ကို အတူ လျှောက်ခဲ့ကြရင်း မြတ်သောမာန် နံဘေးရှိ မိုင်မိုင်းကို ငဲ့ကြည့်လိုက်တော့ မိုင်မိုင်းကလည်း သူ့ကိုမော့ကြည့်လာတာနှင့်ဆုံသည်။

"ဦးမြတ်သော ဒီကိုလိုက်လာတာ အလုပ်ရော အားရဲ့လားဗျ"

"တကယ်တော့ ကိုယ် အလုပ်တချို့ ဖျက်ခဲ့ရတယ်...ဒါပေမယ့် အဆင်ပြေပါတယ်...ကိုယ့်အလုပ်တွေထက် ပိုအရေးကြီးတဲ့အရာ ရှိလာပြီမလို့"

သူ ​ဆိုလိုချင်တာကို သဘောပေါက် နားလည်ပုံရသော မိုင်မိုင်းက ရှက်ကိုးရှက်ကန်းဖြင့် မျက်လွှာချသွားတော့ မြတ်သောမာန် ပြုံးလိုက်မိသည်။

"မနေ့ညက ကျွန်တော် ဦးမြတ်သောကို အိပ်မက်မက်ခဲ့တယ်"

"ဟုတ်လား"

မြတ်သောမာန်ကတော့ မနေ့ညက မိုင်မိုင်းရဲ့အကြောင်းတွေးပြီး အိပ်လို့တောင်မပျော်ခဲ့ပေ။

အကြောင်းအရင်းကတော့
စံအိမ်ကနေ သတင်းပို့လာသည့် ကိစ္စတစ်ခုကြောင့် ဖြစ်သည်။

မိုင်Where stories live. Discover now