ep~~5

9.5K 1K 81
                                    

#Unicode
မီးဖိုခန်းထဲမယ် ထယ်ယောင်းတစ်ယောက် တစ်ကုပ်ကုပ်ဖြင့် အလုပ်ရှုပ်လျက်ရှိနေသည်။
ရှေ့ကစားပွဲပေါ်မှာတော့ အသားချောင်းတွေ,ရေညှိပြားတွေ ,မုန်လာဥ တွေ,ကြက်ဥတွေဖြင့် ရှုပ်ပွလျက်ရှိသည်။
အကြောင်းမှာ ဒီနေ့ ဂျောင်ဂုအတွက် နေ့လည်စာ ထမင်းဘူးပြင်ပြီး.....သူ့အလုပ်သို့ လိုက်သွားရန်စိတ်ကူးရမိသောကြောင့်.....ကြိုးစားပမ်းစားဖြင့် ရေညှိထမင်းလိပ်ကို လုပ်နေခြင်းဖြစ်သည်။
ဒီနေ့ မနက်တည်းက ခေါင်းကိုက်နေတာကြောင့် ဆိုင်လေးကို မဖွင့်ဖြစ်ခဲ့။
အခုနေ့လည်ရောက်မှ သက်သာလာတာမို့ ဂျောင်ဂုအလုပ်သို့ လိုက်သွားရန်ပြင်နေမိခြင်းပင်။
ပြီးရင် ဂျီမင့်ဆေးရုံလည်းဝင်ပြီး ဆေးသွားယူရမည်။ဟိုတနေ့က ဆေးရပြီဆိုသည့်အကြောင်းရယ်.....ဆေးရုံပါတစ်ခါတည်းဝင်လာပြီး ဆေးစစ်ရန်ပါ ပြောလာသည်မို့ ...ဆိုင်ပိတ်တုန်းလေး တစ်ခါတည်း အကုန်လုပ်ထားရမည်။

ရေညှိပြားလေးပေါ် ထမင်းတွေနဲ့အသားချောင်းတွေ မုန်လာဥတွေကို သေချာထည့်၍ လိပ်လိုက်ပြီးနောက်...ပါးစပ်ကလည်း သီချင်းလေး ဆိုငြီးလိုက်၏။
သီချင်းလေးတငြီးငြီးဖြင့် ထမင်းတွေထည့်လိုက် လိပ်လိုက်လုပ်နေသည်မှာ...
ခနနေတော့ ချစ်စဖွယ်ထမင်းဘူးလေး ဖြစ်သွားပြိီ။
ရေညှိထမင်းလိပ်အဝိုင်းလေးတွေကို ဘူးလေးထဲ သေချာစီထည့်ရင်း....

"ဂျောင်ဂု မြင်ရင်တော့ ပျော်သွားမှာပဲ....ငါ့ရဲ့ အချစ်တွေအပြည့်နဲ့ ဒီထမင်းဘူးလေးကို..."

ထမင်းဘူးလေးကို ကိုင်မြှောက်လျက် စကားပြောပြီးနောက် ရေချိုးရန်......အပေါ်ထပ်သို့ ပြေးတက်ခဲ့လိုက်သည်။
အချစ်ဆုံးကြီးနဲ့ သွားတွေ့ရမှာဆိုတော့ နည်းနည်းပါးပါးတော့ ပြင်ဆင်ရအုန်းမယ်လေ......

.
.
.
.
ဂျောင်ဂုရဲ့ Company သို့ အရင်တုန်းက နှစ်ခါလောက် လိုက်လာခဲ့ဖူးသည်။
အရာရာတော်သော ဂျောင်ဂုက အလုပ်လျှောက်တာနှင့် မန်နေဂျာရာထူး တန်းရခဲ့သည်လေ....
အရင်က လာဖူးသောကြောင့် ဂျောင်ဂုရဲ့ အခန်းကို ရှာရတာ သိပ်တော့မခက်ခဲ့။
ခက်တာက နေရာမှာ ဂျောင်ဂုက ရှိမနေခဲ့ခြင်းပင်။

Prologue Of Ending Story (completed )Where stories live. Discover now