#Unicode
ဂျောင်ဂုတစ်ယောက် ဌာနမှုးဆီ သွားရန် ထွက်လာသော လမ်းတွင် အမှတ်မထင် ချယ်ယောင်းနဲ့တွေ့လေသည်။
သူမ အလုပ်မဆင်းတာ သုံးရက်လောက်ရှိပြိီမို့....ဂျောင်ဂု နှုတ်ဆက်လိုက်သည်။"နေကောင်းသွားပြီလား...ချယ်ယောင်း.."
"အင်း...ကောင်းသွားပါပြီ...အရေးပေါ်ကား လွှတ်ပေးလိုက်တဲ့ ကျေးဇူးကြောင့်ပါ...အလုပ်ကတော့ ဒီနေ့မှ ပြန်ဆင်းတာ.."
"အော်...အဲ့နေ့က ငါမလာနိုင်တာ စိတ်မရှိပါနဲ့...ညဘက်ဆိုတော့ငါထွက်လာရင် အကိုက အိမ်မှာ တစ်ယောက်တည်းမို့..."
အကို က အိမ်မှာတစ်ယောက်တည်းဆိုသည့် စကားကြောင့် ချယ်ယောင်း ရင်ထဲ ဆစ်ခနဲ။
ငယ်သူငယ်ချင်း တစ်ယောက်အနေနဲ့....အရမ်း နေမကောင်းဖြစ်နေတဲ့ အချိန်အားကိုးမိလိုက်တဲ့ သူမ မှားတာပါ။
ဂျောင်ဂုက အိမ်ထောင်သည်ဆိုတာ သူမေ့သွားခဲ့တာ...
အများကြီး မရှင်းပြလည်း ငါနားလည်ပါတယ် ဂျောင်ဂု..."အင်းပါ ငါ နားလည်ပါတယ်...ငါ သွားတော့မယ်နော်..."
ကျောခိုင်းထွက်ခွာသွားတဲ့ ချယ်ယောင်းကို ကြည့်ပြီး စိတ်ထဲတော့မကောင်းပါ။
ဟိုးအရင်ကဆို သူမ နေမကောင်းဖြစ်တဲ့ အခါတိုင်း....
အဖော်မရှိတဲ့ အခါတိုင်း ကျွန်တော်ကနံဘေးနား အဖော်လုပ်ပေးနေကြမို့...
သူမ အထီးကျန်နေမယ်ဆိုတာ သူနားလည်ပါသည်။
ဒါပေမယ့် ချယ်ယောင်း ငါ့ဘက်မှာ အကိုရှိနေပြီမို့....နင့်ကို အရင်လို အဖော်မပြုပေးနိုင်တော့ဘူး။
တခါတလေ အရင်လိုပြုမူမိနေတဲ့ ကျွန်တော့်စိတ်ကြောင့်....အကိုလည်း အထင်လွဲနိုင်တာမို့....အတော်လေး သတိထားရပါသည်။
သူငယ်ချင်းကတော့ သူငယ်ချင်းပဲမို့....
ငါ့ကို နားလည်ပေးပါ ချယ်ယောင်း။.
.
.
.
.
"ချလွင်....ချလွင်.."ဆိုင်တံခါးဝမှာ ချိတ်ဆွဲထားသည့် ခေါင်းလောင်းလေးရဲ့ မြည်သံကြောင့်....ဝင်လာသူကို ထယ်ယောင်း ကြိုဆိုလိုက်သည်။
"မင်္ဂလာပါ ခင်ဗျာ..."
ဆိုင်အတွင်းသို့ ဝင်လာသူကတော့ မထင်မှတ်ထားသည့် ဧည့်သည်....
ပတ်ခ်ချယ်ယောင်း။
YOU ARE READING
Prologue Of Ending Story (completed )
Fanfictionကြင်နာမှုတွေအပြည့်နဲ့ ပြန်စတင်မယ့် ဒီဇာတ်လမ်းလေးမှာ အကိုရယ် ကျွန်တော်ရယ် ကျွန်တော်တို့ရဲ့ နှောင်ကြိုးလေးရယ်...💜