ep~~7

8.9K 998 161
                                    

#Unicode
မနက်ခင်း နေရောင်ခြည်​လေးသည် နေ့သစ်တစ်ခုရဲ့ တာဝန်ကို ကျေပွန်စွာ...... ထမ်းဆောင်ရန်  ထွက်ပေါ်နေခဲ့ပြီ ဖြစ်သည်။
ပြတင်းပေါက်မှတဆင့် အခန်းထဲသို့ နွေးထွေးသော နေရောင်ခြည်နုနုလေးက ဖြာကျလျက်ရှိနေပြန်သည်။
ခုတင်ပေါ်ရှိထယ်ယောင်းကတော့ မျက်နှာသို့လာထိုးနေသော နေရောင်ကို....မနှစ်မြို့စွာ မျက်မှောင်ကျုံ့လိုက်ရင်း...စောင်တွေလုံးထွေးလျက် ဖြင့်ထထိုင်ပြီးနောက်...
မွေ့ယာထဲ မျက်နှာအပ်ကာ ဖင်မိုးထောင်လျက် ပြန်အိပ်နေပြန်သည်။

အခန်းထဲသို့ ဝင်လာသော ဂျောင်ဂုမှာ....ခလေးတွေအိပ်သလို ဖင်မိုးထောင် အိပ်နေသော အကိုကြီးကြောင့်...ပြုံးမိသွားသည်။

"အကို နိုးပြီလား....ထတော့ ကျွန်တော်မနက်စာ ပြင်ထားပြီးပြီ..."

ကျွန်တော့် အသံကြောင့် မျက်လုံးတွေ မဖွင့်သေးသော်ငြား တအင့်အင့် လုပ်နေသော ....အကိုက အပျင်းကြောဆန့်လေတော့....ပေါ်လာသည့် အကို့ရဲ့သစ်တော်သီး ဗိုက်ပူပူလေး။
လေ့ကျင့်ခန်းဘယ်လောက်လုပ်လုပ် ပျောက်မသွားသည့် ....ထို သစ်တော်သီး ဗိုက်လုံးလေးကို ခလေးတွေ ဘူးမှုတ်သလို ဂျောင်ဂု ကျီစယ်လိုက်တော့ ယားလို့ထင်ပါရဲ့။
တဟီးဟီးရီရင်း အကိုက နိုးလာတော့သည်။

"ဟီးးးဟီးးးယားတယ် ဂျောင်ဂုရဲ့...."

"မွ..ထတော့...."

နှုတ်ခမ်းလေးကို အနမ်းတစ်ချက်ပေးကာ ဆွဲထူလိုက်တော့...ခုတင်ပေါ် ငုတ်တုတ်လေး ထိုင်နေသည်မှာ အူယားစဖွယ်။
နဂိုတည်းက ကောက်ကွေးနေသည့် ဆံပင်လေးတွေက အိပ်ယာထခါစမို့.....ရှုပ်ထွေးပွေလီလျက် ရှိနေသည်မှာ ကပ္ပလီ လေးတွေရဲ့ ဆံပင်နဲ့တောင် ခပ်ဆင်ဆင်။
ဖောင်းအစ်နေတဲ့ မျက်လုံးလေးနဲ့ မို့တက်နေတဲ့ ပါးဖောင်းလေးတွေက...ညကအိပ်ရေးဝခဲ့ကြောင်းကို ဖော်ပြလို့နေသည်။

"တော်ပါသေးရဲ့ အဖျားကျသွားလို့...ဒါပေမယ့်လည်း နည်းနည်း နွေးနေသေးတယ်..."

ကျွန်တော့်နဖူးတွေကို လာစမ်းသည့် ဂျောင်ဂုရဲ့ လက်ဖဝါးနွေးနွေးတွေ နဲ့အတူ...တစ်ဆက်တည်း လက်ခံရရှိလိုက်သည့် ဂျောင်ဂုရဲ့ အပြုံးလေး။
မနက်စောစောစီးစီးတောင် ကျွန်တော့် ယောင်္ကျားကြီးက ချစ်ဖို့ကောင်းလိုက်တာဗျာ.....

Prologue Of Ending Story (completed )Where stories live. Discover now